မြန်မာနိုင်ငံသားဆိုသူ စစ်သွေးကြွသုံးဦး ဖေါက်ခွဲရေးပစ္စည်းများနှင့်အတူ ဒက္ကားတွင် ဖမ်းမိ

မြန်မာနိုင်ငံသားဆိုသူ စစ်သွေးကြွသုံးဦး ဖေါက်ခွဲရေးပစ္စည်းများနှင့်အတူ ဒက္ကားတွင် ဖမ်းမိ
by -
နိရဥ္စရာ

မြန်မာနိုင်ငံသားဆိုသူ ဘင်္ဂလီ လူမျိုး ၃ ဦးအား ဘင်္ဂလာဒေချ့်နိုင်ငံ ဒက္ကားမြို့တွင် ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ နိုဝင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးရမိကြောင်း bdnews24 သတင်းတပုဒ်တွင် ယနေ့ ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ နုရ်ဟူစိန်ခေါ် ရော်ဖိ အစ္စလာမ် (Nur Hossain aka Rafikul Islam) ၂၆ နှစ်၊ ယာချီ အာရဖတ် (Yasir Arafat)  ၂၂နှစ် နှင့် အူလ်မာ ကာရိမ် (Omar Karim) ၂၅ နှစ် တို့ဖြစ်ကြောင်း သိရသည်။

Terrorists-arrested

သူတို့ ၃ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့  ညနေ ၉ နာရီခွဲတွင် ဒက္ကားမြို့ လာလာဘတ် (Lalbagh) လမ်းဆုံတွင် ဖမ်းမိခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူများက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။

သူတို့ထံမှ ဖေါက်ခွဲရာတွင် အသုံးပြုသည့် စနက်တံ ၅ ခု၊ ငရဲမီးနှင့်ပြုလုပ်ထားသည့် ပေါက်ကွဲ စေတတ်သည့် ပစ္စည်း ၂ ခုအပါအဝင် တခြားဗုံးလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်း တချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ရဲအရာရှိတစ်ဦးဖြစ်သူ ဆိုင်းဒူရ်ရိုဟာမန်က ပြောဆိုကြောင်း သတင်းတွင်ဖော်ပြသည်။

ယခုဖမ်းမိသူများမှာ RSO အဖွဲ့၊ Arakan Rohingya Union အမည်ခံ ARU အပါ၀င် နယ်သာလန် နိုင်ငံ အခြေစိုက် Rohingya Center (GRC) တို့နှင့် အဆက်အသွယ် ရှိသူများ ဖြစ်သည်ဟု အဆိုပါ ရဲအရာရှိမှ ပြောဆိုကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

သူတို့ထဲက ၂ ဦးကို လွန်ခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည် နယ်က နေအိမ်တခုတွင် ဗုံးပေါက်ကွဲမှုနှင့် အိန္ဒိယနိုင်ငံ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (National Investigation Agency) သံသယရှိနေသည်ဟု သိရသည်။

သူတို့သည် ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် မတရားအသင်းအဖြစ် ကြေငြာထားသည့် Jamaat-ul-Mujahideen Bangladesh (JMB)အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားကြောင်း လည်း သတင်းတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ကစစ်တကောင်းမြို့ ဟိုတယ်တခုမှ ပါကိစ္စတန်နိုင်ငံသား တစ်ဦးအပါအဝင် RSO အဖွဲ့မှ ခေါင်းဆောင် ၂ ဦးကို ဖမ်းမိပြီးနောက်ပိုင်း ယခုအခါ သူတို့ ၃ ဦးကို ဘင်္ဂလား အာဏာပိုင်များမှ ထပ်မံ ဖမ်းမိခြင်းဖြစ်သည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ဟာဖေ့စ်မိုဟာမတ်ဆူဇ်နိုင် ဆိုသူတစ်ဦးကို ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် စက်ဒါလာ နယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းဆီးခဲ့သည်။

Most read this week