စစ်တွေတွင် ညမထွက်ရအမိန့်ရုပ်သိမ်း

စစ်တွေတွင် ညမထွက်ရအမိန့်ရုပ်သိမ်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ထုတ်ပြန်ထားသော ညမထွက်ရအမိန့်(ပုဒ်မ ၁၄၄)ကို စက်တင်ဘာလ ၁၁ ရက်မှစတင်ကာ အပြီးသတ်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန် ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က အတည်ပြုပြောသည်။

“စစ်တွေမှာ ညမထွက်ရအမိန့်ကိုရုပ်သိ်မ်းလိုက်တာ ဟုတ်ပါတယ်။ အခုတောင် မြို့ပတ်ပြီး လှည့်အော် နေပြီ”ဟု ဦးဝင်းမြိုင်က ပြောသည်။

Police-in-Sittwe-Arakan

ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့သော စစ်တွေမြို့၏လုံံခြံုရေးအတွက် စစ်တပ်၊ လုံထိန်းတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်အင်အားများ အပြည့်အဝချပေးထားသည့်အတွက် မြို့၏လက်ရှိအနေအထားမှာ လုံခြံုရေးနှင့် ပတ်သက်ပြီး စိုးရိမ်စရာမရှိဘဲ တည်ငြိမ်အေးချမ်းလာနေပြီဖြစ်ကြောင်း သိရသည်။

သို့သော် စစ်တွေတွင် ညနေ ၁ဝ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်း ကြောင့် ညပိုင်းအလုပ်လုပ်နေရသူတို့ဖို့ အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် အစိုးရအနေဖြင့် ယင်းအမိန့် ကိုရုပ်သိမ််းပေးရန် မြို့ခံလူထုများက တောင်းဆိုတင်ပြခဲ့ကြသည်။

မြို့ခံများ၏ထိုုသို့တင်ပြတောင်းဆိုချက်များကို ပြည်နယ်အစိုးရအဖွဲ့က စဉ်းစားသုံးသပ်ကာ ယခုကဲ့သို့ ရုပ်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း ဦးဝင်းမြိုင်က ဆက်ပြောသည်။

သို့သော် စစ်တွေတွင် ယင်းသို့ ညမထွက်ရအမိန့်ကိုရုပ်သိမ်းလိုက်ပါက စစ်တွေမြို့လယ်ရှိ ဘင်္ဂါလီ များနေထိုင်နေဆဲဖြစ်သည့် အောင်မင်္ဂလာရပ်ကွက်(အင်ဘာလာရပ်ကွက်)မှ ဘင်္ဂါလီများနှင့် မြို့ခံများအကြား ပြဿနာများဖြစ်ပွား လာမည်ကိုလည်း မြို့ခံအချို့က စိုးရိမ်မှုများဖြစ်ပေါ်နေကြသည်။

“ဒီအမိန့်ကိုရုပ်သိမ်းလိုက်ရင် အဲဒီရပ်ကွက်က သူတွေနဲ့ တစ်ခုခုပြဿနာဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရဘူး”ဟု စစ်တွေတွင်ညမထွက်ရအမိန့်ရုပ်သိမ်းလိုက်ခြင်းအပေါ် စစ်တွေမြို့ခံတစ်ဦးက မှတ်ချက် ပေးသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှသိန်းနှင့် အတွင်းရေးမှူးဖြစ်သူ ဦးဝင်းမြိုင်တို့က စစ်တွေတွင်ညမထွက်ရအမိန့်ရုပ် သိမ်းလိုက်သော်လည်း အဆိုပါအောင်မင်္ဂလာရပ်ကွက်(အင်ဘာလာရပ်ကွက်)အနီးဝန်းကျင်ရှိ လုံခြံုရေးအင် အားများကို ရုပ်သိမ်းသွားမည် မဟုတ်ဘဲ လက်ရှိအနေအထားအတိုင်း လုံခြံုရေးယူထားဦးမည်ဖြစ်ကြောင်း ပြောသည်။

“မြို့လုံခြံုရေးကို ပြည်နယ်အစိုးရက အားလုံးတာဝန်ယူမယ်”ဟု ဦးလှသိန်းက ကတိပေးပြောသည်။

စစ်တွေတွင်ထုတ်ပြန်ထားခဲ့သည့် ညမထွက်ရအမိန့်ကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁ဝ ရက်ကစတင်ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး စတင်ထုတ်ပြန်ခဲ့စဉ်က ည ၆ နာရီမှ နံနက် ၆ နာရီညမထွက်ရဟုထုတ်ပြန်ခဲ့သော်လည်း ယခုနှစ်၊ စက်တင်ဘာလ ၁ဝ ရက်နေ့အထိ ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရဟုလျှော့ချသတ်မှတ်ခဲ့ သည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်အတွင်းက လူပေါင်း ၁ဝဝ ကျော်အထိသေဆုံးမှုဖြစ်ပွားခဲ့ရသည့် ဆူပူ အကြမ်းဖက်မှုများကြောင့် စစ်တွေမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ သံတွဲ၊ ရမ်းဗြဲနှင့်ပေါက်တောမြို့နယ်များတွင် ညမထွက်ရအမိန့်များကိုထုတ်ပြန်ခဲ့ရသည်။

ယခုအခါ ရခိုင်ပြည်နယ်၏အခြေအနေမှာ တည်ငြိမ်အေးချမ်းလာနေပြီဖြစ်သည့်အတွက် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်မြို့နယ်များအနက် ကျောက်တော်နှင့် သံတွဲမြို့နယ် ငပလီတွင် အဆိုပါအမိန့်များကို ရုပ်သိမ်းထားပြီးဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင်ထုတ်ပြန်ထားသည့် အဆိုပါညမထွက်ရအမိ်န့်ကို လည်း သက်ဆိုင်ရာမြို့နယ်များ၏တည်ငြိမ်အေးချမ်းမှုအပေါ်မူတည်ကာ အချိန်တိုးမြှင့်ခြင်း၊ အချိန်လျှော့ချ ခြင်းနှင့် ပြန်လည်ရုပ်သိမ်းခြင်းများဆောင်ရွက်နေကြောင်းလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စုံစမ်းသိရသည်။

Most read this week