မောင်တောမြို့နယ် မင်္ဂလာကြီးအလယ်တန်းကျောင်းဆောင် မီးလောင်

မောင်တောမြို့နယ် မင်္ဂလာကြီးအလယ်တန်းကျောင်းဆောင် မီးလောင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မင်္ဂလာကြီးရွာ အလယ်တန်းကျောင်းတွင် ကျောင်းဆောင်တစ်ခု ဇူလိူင်လ ၃၁ ရက်နေ့ ညဉ့်က မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

မီးမှာ ရှို့မီးဖြစ်ဖို့ ဖြစ်နိုင်ခြေများသည်ဟု မောင်တောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသန်းလိူင်က ပြောသည်။

“ အဲဒီမီးလောင်တဲ့နေ့က မိုးလည်းရွာနေတယ်။ ဒီလို မိုးရွာနေတဲ့ အချိန်မှာ မီးလောင်တယ်ဆိုတော့ ရှို့မီးဖြစ်ဖို့များတယ်။ တစ်ခြား လောင်ဖို့ အကြောင်းမရှိဘူး” ဟု သူက ဆိုသည်။

၎င်းအလယ်တန်းကျောင်းမှာ မင်္ဂလာကြီးရွာတွင် တည်ရှိပြီး ကျောင်းသားကျောင်းသူ ၁၁၇၈ ဦးတက်ရောက် သင်ကြားနေသော ကျောင်းဖြစ်သည်။ ကျောင်းတွင် ညစောင့်လည်း မရှိကြောင်း သိရသည်။

“ အဓိက ဘင်္ဂလီကလေးတွေ စုစုပေါင်း ၁၁၇၈ စာသင်ကြားနေတဲ့ အလယ်တန််းကျောင်းပါ။ ကျောင်းဆောင် လေးဆောင်ရှိတဲ့ အနက်က အဆောင်နံပတ် (၃) လောင်သွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းက အလျား ပေ ၈၀၊ အနံ ပေ ၃၀နဲ့ အမြင့် ၁၂ ပေရှိပါတယ်။ အုတ်ဖေါင်ဒေးရှင်း သွပ်မိုးထရံကာဖြစ်ပါတယ်။ ဆုံးရှံုးမူက ကျပ် သိန်း ၉၀ ဖိုးခန့်ရှိပါတယ်” ဟု လက်ထောက်ပညာရေးမှူးကဆက်ဆိုသည်။

၎င်းနေ့က ယင်းကျောင်းဆောင်များအတွင်း ကျေးရွာသားအချို့က အိဒ်နေ့အပြီး ထမင်းချက် ပျော်ပွဲစားခဲ့ကြ သော အထောက်အထားများတွေ့ရကြောင်း၊ မီးဖိုခွင်များအသုံးပြုခဲ့သော သဲလွန်စများကို ရရှိခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာသားများက မီးလောင်နေသည်ကို ညနေ ၉ နာရီခန့်တွင် မြင်တွေ့ ခဲ့ရကြောင်း၊ သို့အတွက် နီးစပ်ရာ နယ်ခြားစောင့်တပ်ဖွဲ့ နယ်မြေ (၆) သို့ အကြောင်းကြားရာ လုံခြံုရေး တပ်ဖွဲ့ဝင်များ လိိုက်ပါလာပြီး ကျေးရွာသားများနှင့် အတူ မီးငြိမ်းသတ်ခဲ့ကြောင်း၊ ညနေ ၁၀ နာရီကျော်တွင် မီးညွှန့်ကျိုး သွားခဲ့ကြောင်း သူရထားသမျှသတင်းကို သူက နိရဥ္စရာသို့ ပြောကြားသည်။

“ အဆောင်တစ်ဆောင်ဘဲ မီးလောင်တယ်ဆိုတာက ကျန်တဲ့သုံးဆောင်က သွပ်မိုး၊ အုတ်ထရံဆိုတော့ ချက်ချင်းလောင်ဖို့ မလွယ်ဘူးလေ။ ဒါကြောင့် ကျန်နေခဲ့တာပါ” ဟု ဆိုသည်။

ယခုအခါ ပြည်နယ်ပညာ ညွှန်ကြားရေးမှူးထံသို့ မောင်တောခရိုင် ပညာရေးမှူးမှ မင်္ဂလာကြီးရွာ အလယ်တန်းကျာင်း မီးလောင်မူနှင့် ပတ်သက်ပြီး သြဂုတ်စ်လ ၁ ရက်နေ့က စာရေးတိုင်ကြားခဲ့ပြီး မိတ္တူကို ညွှန်ကြားရေးမှူးချုပ် အမှတ်(၁) အခြေခံပညာ (ရန်ကုန်) အပါအဝင် နယ်စပ် ကွပ်ကဲရေးမှူး၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ ပေးပို့ခဲ့သည်။

ခရိုင်၊ မြို့နယ်ပညာရေးမှူးနှင့် မင်္ဂလာကြီးကျောင်းအုပ်ဆရာကြီးတို့သည် သြဂတ်စ်လ ၁ ရက်နေ့က ၎င်းမီးလောင်ကျောင်းအား သွားရောက်ပြီး စစ်ဆေးခဲ့သည်ဟု ဆိုသည်။

မောင်တောမြို့နယ်ရဲတပ်မှူးမှ ကျောင်းဆောင်မီးလောင်သည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း ပေါ့ဆီမီးဟု နယ်ခြား စောင့်တပ်ဖွဲ့၏ အစီရင်ခံစာတွင် ဖေါ်ပြထားကြောင်း၊ ယခု မီးလောင်သော မင်္ဂလာကြီးရွာမှာ နယ်ခြား စောင့်တပ်ဖွဲ့ အပိုင်တွင်ရှိ၍ ဖြစ်စဉ် အသေးစိတ်ကို သူတို့သာ သိရှိမည် ဖြစ်ကြောင်း၊ မောင်တော မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် အသေးစိတ် မသိနိုင်ပါကြောင်း ပြောကြားသည်။

ယခုအချိန်ထိ ဖမ်းဆီးအရေးယူခြင်းများ မရှိသေးသော်လည်း စုံစမ်းစစ်ဆေးမူများ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။

ယခုမီးလောင်မူသည် ယခုနှစ် ဇန္နဝါရီလ ၂၈ ရက်နေ့က ပြသနာ အကြီးအကျယ် ဖြစ်ပွားခဲ့ရာ ဒုချီးရားတန်း ဘင်္ဂလီ (အနောက်) ရွာတွင် မီးလောင်မူ ဖြစ်ပွားပြီးနောက် မောင်တောမြို့နယ်တွင် ပထမဆုံးအကြိမ်  ဖြစ်သည်။

Most read this week