ထူးကဲဒီရေတက်ပြီး ရခိုင်ပြည်နယ် ဒေသအချို့တွင် ရေမြုပ်မူများ ဖြစ်ပေါ်နေ

ထူးကဲဒီရေတက်ပြီး ရခိုင်ပြည်နယ် ဒေသအချို့တွင် ရေမြုပ်မူများ ဖြစ်ပေါ်နေ
by -
နိရဥ္စရာ

ထူးကဲဒီရေ တက်မူကြောင့် ရခိုင်ပြည်နယ် ဒေသအချို့တွင် နေရာအများအပြားတွင် ရေမြုပ်မူများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

ယနေ့(ဇူလိုင် ၁၄ရက်) ရရှိသော သတင်းအရ ရခိုင်ပြည်နယ် အတွင်းရှိ ပင်လယ်နားနီး မြို့နယ်တိုင်းလိုလိုတွင် ထူးကဲဒီရေများ တက်လာရာမှ လမ်းများ၊ အိမ်များ၊ စျေးဆိုင်များနှင့် အစိုးရ အဆောက်အဦးများ
ရေမြုပ်နေသည်ဟု သိရသည်။

ထူးကဲဒီရေတက်ပြီး ရခိုင်ပြည်နယ် ဒေသအချို့တွင် ရေမြုပ်မူများ ဖြစ်ပေါ်နေ

စစ်တွေမြို့နယ် ကျေးတောရွာတွင်လည်း ဒီရေတက်လာချိန်တွင် ကျေးရွာတစ်ခုလုံး ရေနစ်မြုပ်ခဲ့သည်ဟု သိရသည်။

“ အခုလို ကျေးတောရွာမှာ ရေမြုပ်နေတာက ရက်အတော်ကြာနေပြီ။ဒီရေတက်ချိန်ဆိုရင် တစ်ရွာလုံးကို ရေတွေ လျှံဝင်လာပြီး အမြင့် ၄ ပေကနေ ၆ ပေထိ ရေတွေ တက်လာတယ်။ လမ်းတွေ၊ အိမ်တွေ၊ စာသင်ကျောင်း အကုန်လုံးရေဖုံးလွှမ်းသွာတယ်။ ရွာထဲမှာဆိုရင် လှေတွေနဲ့ သွားလာရတယ်” ဟု ကျေးတောရွာဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းက ပြောသည်။

ယခုနှစ်များတွင် ရေကြီးမူများ ဆက်တိုက် ဖြစ်ပေါ်နေပြီး ယခင်က ယခုလိုရေကြီးခြင်း မရှိကြောင်း ဦးဇင်းက ဆိုသည်။ ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပေါ်လျှက်ရှိရာ ယနေ့ (ဇူလိုင် ၁၄ရက်) တွင်လည်း နေအိမ်များနှင့် လမ်းအများအပြား ရေမြှပ်ခဲ့ကြောင်း သိရသည်။

ယနေ့(ဇူလိုင် ၁၄ရက်) တွင် ယခင်နေ့များထက် ပိုရေကြီးသဖြင့် စစ်တွေ မြေနှိမ့်ပိုင်းနေရာများရှိ အိမ်တစ်ချို့တွင် အိမ်အောက်ခန်းများအထိရေတက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် လမ်းမကြီး၊ဦးဥတ္တမလမ်း၊ငပိန်လမ်းနှင့် မိဇံကမ်းနားလမ်းများ၏ တစ်ချို့နေရာများတွင် ဒီရေ (၂)ပေကျော်ကျော်ခန့် အထိ ရေတက်ခဲ့သဖြင့် လမ်းများရေမြှပ်နေသပြီးဆိုက်ကယ်များနှင့် ဆိုက္ကားများသွား၍ မရဖြစ်နေကြောင်း စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

pp2

“ တချို့ရပ်ကွက်ဘက်တွေဆိုရင် ခုတိ ရေမကျသေးဘူး။ဆိုက္ကားတွေ သွားလို့မရဘူး၊ဆိုက်ကယ်တွေ ဆိုရင် စီးသွားဖို့နေနေသာသာ တွန်းလို့မရလောက်အောင်ထိ ရေကြီးနေတာ” ဟုပြောသည်။

ယင်းအပြင် ရေကြီးနေသဖြင့် ကျောင်းတက်ရသည့် ကျောင်းသားကျောင်းသူများကိုမိဘများကိုယ်တိုင် ကြီးကြပ်လိုက်ပို့နေကြရကြောင်း ကျောင်းသားမိဘတစ်ဦးကပြောသည်။

“ကလေးတွေ ကျောင်းတက်ဖို့ အခက်အခဲရှိတယ်ပေါ့။ မိဘတွေကလည်း ဘယ်စိတ်ချပါ့မလဲ။ ကလေးတွေကို ကျောင်းသွားကျောင်းပြန် မိဘတွေကိုယ်တိုင်ကြီးကြပ်လိုက်ပို့ပေးနေရတယ်လေ။ ခါတိုင်းနဲ့ မတူဘူးလေ” ဟုပြောသည်။

ယခုကဲ့သို့ ရေကြီးနေသဖြင့် တချို့ကျေးရွာများတွင် ရိက္ခာများပြတ်လပ်နေသဖြင့် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။ ယခုရေကြီးမူမှာ နေရာ အနှံံ့အပြားတွင် ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ
ကွင်းဆင်း စစ်ဆေးရန် လိုအပ်နေကြာင်း ဒေသခံများက ပြောဆိုသည်။

Most read this week