စစ်တွေမြို့ဆတ်ရိုးကျ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းတွင် ကျောင်းဆောင်များတိုးချဲ့ရန် လိုအပ်နေ

စစ်တွေမြို့ဆတ်ရိုးကျ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းတွင် ကျောင်းဆောင်များတိုးချဲ့ရန် လိုအပ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆတ်ရိုးကျ ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးစခန်းရှိ အစိုးရ စာသင်ကျောင်းမှာ ကျောင်းသားအရေအတွက်နှင့် မဆန့်ဖြစ်နေသဖြင့် ကျောင်းဆောင်များ တိုးချဲ့တည်ဆောက်ရန် လိုအပ်နေကြောင်း ကျောင်းသားမိဘများက ပြောသည်။

“ကျနော်တို့ဆီမှာ အလျားပေ ၆၀၊ အနံကပေ ၂၅ ပေရှိတဲ့ မှုလွန်ကျောင်းလေး တစ်ကျောင်းပဲရှိတယ်။ ကျောင်းသားက (၃၀၀)ေ ကျာ်တောင် ရှိတာဆိုတော့ အဲဒီမှုလွန်ကျောင်းလေးနဲ့ မဆန့်ဖြစ်နေတယ်” ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဦးကျော်သန်းက ဆိုသည်။

no 1 elementary school

သို့အတွက်ကျောင်းသားများ အခက်အခဲမရှိ စာသင်နိုင်ရန် ကျောင်းဆောင်သစ်များကို တိုးချဲ့တည်ဆောက် ပေး ရန် လိုအပ်ကြောင်း သူက ဆိုသည်။

“၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ကျောင်းဆောင်တွေ မလုံလောက်ရင် ကလေးတွေရဲ့ ပညာရေး ထိခိုက် နိုင်တယ်။ ဒါကြောင့် ကျောင်းဆောင်သစ်တွေ တိုးချဲ့ပေးဖို့ ကျနော်တို့ လိုလားပါတယ်” ဟု ဆိုသည်။

ဆတ်ရိုးကျ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းသည် တစ်ခုတည်းသော ရခိုင်စခန်းဖြစ်ပြီး ယင်းစခန်းတွင် မိသားစုပေါင်း ၆၃၁  စုရှိကြောင်း သိရသည်။

ယင်းပြင် လမ်းပန်းဆက်ရေးများကြောင့် ယင်းစခန်းမှ ကိုးတန်း၊ ဆယ်တန်းကျောင်း အနေဖြင့် ကျောင်းတက်ရန် အခက်ခဲရှိနေကြာင်းလည်း နောက်ထပ် ကျောင်းသားမိဖ တစ်ဦးဖြစ်သူ ဦးကျော်ရွှေက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေးအနေနဲ့လည်းအခက်ခဲရှိပါတယ်။ ဆတ်ရိုးကျချောင်းကိုဖြတ်မယ့် တံတားလည်း မပြီးသေးဘူးဆိုတော့ ၈တန်း၊ ၉ တန်း၊ ၁၀ တန်းကလေးတွေဟာ ရွာကနေ စစ်တွေ ဘက်ကမ်းကို် လှေ၊ သဗ္ဗာန်တွေနဲ့ ချောင်းကို ဖြတ်ကူးပြီး ကျောင်းသွားတက်ရတယ်။ ချောင်းကလည်း မိုးရွာရင် ရေစီးသန်တဲ့ အတွက် ကျောင်းသားမိဖတွေအနေနဲ့ သူတို့သားသမီးတွေအတွက် စိတ်မချနိုင်ပဲ အမြဲတန်း စိုးရိမ် နေကြရပါတယ်” ဟုဆိုသည်။

ယင်းစခန်းရှိ မှုလွန်ကျောင်းတွင် သူငယ်တန်းမှ သတ္တမတန်းအထိသာ ပညာသင်ကြားနိုင်ပြီး အထက်တန်း ကျောင်းသားများမှာ ဆတ်ရိုးကျချောင်းကို လှေ၊ သမ္ဗာန်တို့ဖြင့်ဖြတ်ကူး၍ စစ်တွေဘက်သို့ ကျောင်းသွား တက်ကြရသည်။

ဆတ်ရိုးကျကယ်ဆည်ရေးစခန်းမှ မူလွန်ကျောင်းရှိ ကျောင်းသားေ ကျာင်းသူများကို ဆရာဆရာမ (၁၄) ဦးက စာသင်ပြလျှက်ရှိကြောင်းသိရသည်။

Most read this week