ရခိုင် ၄ ပါတီ ခေါင်းဆောင်များ ထိုုင်းနိုင်ငံတွင် တွေ့ဆုံ

ရခိုင် ၄ ပါတီ ခေါင်းဆောင်များ ထိုုင်းနိုင်ငံတွင် တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်ပြည်နိုင်ငံရေးလောကမှ အထင်ကရ ပါတီ (၄) ခု၏ ခေါင်းဆောင်များသည် ယခုလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက ထိုင်းနိုင်ငံ တစ်နေရာတွင် တွေ့ဆုံပြီး ရခိုင်ပြည်နှင့် ပတ်သက်သော နိုင်ငံရေး အခြေအနေ များကို အလေးအနက်  ဆွေးနွေးခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆွေးနွေးပွဲသော တက်ရောက်ခဲ့ကြသော ခေါင်းဆောင်များမှာ ရခိုင်ဒီမိုအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီနှင့် ရက္ခိုင့်တပ်မတော် (အေအေ)မှ ဖြစ်ကြသည်။

ယခု လေးပါတီတွေ့ဆုံမူသည် လွန်ခဲ့သော (၃) လကတည်းက ကြိုတင် စီစဉ်ခဲ့သော အစီအစဉ် တစ်ရပ်ဖြစ်ပြီး အဓိကအားဖြင့် ရခိုင်အမျိုးသားညီညွှတ်ရေး အပေါ် အာရုံစူးစိုက် ဆွေးနွေးခဲ့သည်ဟု ၎င်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ရက္ခိုင့်တပ်မတော်မှ ဒုဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။

“ ကျွန််တော်တို့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် လိုအပ်ချက်တွေကို ဆွေးနွေးကြတဲ့ အခါမှာ ရခိုင်အမျိုးသား ညီညွှတ်ရေးဟာအရေးကြီးတယ်ဆိုတဲ့ အခန်းကဏ္ဍကို အဓိကထားဆွေးနွေးကြပါတယ်” ဟု သူက ဆိုသည်။

” ရခိုင်အမျိုးသား ညီညွှတ်ရေးဆိုတဲ့ အခါမှာလည်း အတွင်အပြင် နိုင်ငံရေး ပါတီတွေ၊ လူမူ အဖွဲ့အစည်းတွေ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ ညီညွှတ်ရေးဟာ အရေးကြီးတဲ့အတွက် ညီညွှတ်ရေးအတွက် မူတစ်ခု လိုတယ်ဆိုတာကို သဘောထား ပေးမူတွေ ရှိပါတယ်” ဟု သူက ဆက်ဆိုသည်။

ရခိုင်အမျိုးသား အင်အားစုတွေ ညီညွှတ်ပါမှ အမျိုးသားလုံခြံုရေးနှင့် ငြိမ်းချမ်းရေးကို အကောင်အထည် ဖေါ်နိုင်မှာ ဖြစ်ကြောင်း၊  လုံခြံုရေးဆိုသည်မှာလည်း လက်တွေ့ ခံစားနေရသော အဓိဂရုဏ်းဖြစ်စဉ်များမှာ ရခိုင်ပြည်သူများ အတွက် ခြိမ်းခြောက်မူဖြစ်သည်သာမက မြန်မာပြည်သူ တစ်ရပ်လုံးအတွက် ခြိမ်းခြောက်မူ ဖြစ်ကြောင်း၊ သို့အတွက် ၎င်းခြိမ်းခြောက်မူကို မည်ကဲ့သို့ ဖြေရှင်းမလဲ စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း၊ အစိုးရဟာ ဒီကနေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ အခန်းကဏ္ဍမှာ ရခိုင်များ စုစည်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်သံတည်းဖြင့်ပါ၀င်ရန် အခြေအနေက အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမူများ လုပ်ဆောင်ရာတွင်၎င်း၊ သယံဇာတ အရင်းအမြစ်များကို ထုတ်ယူရာတွင်၎င်း၊ အစိုးရဖြင့် သော်၄င်း၊ ပြည်သူနှင့် သော်၎င်း၊ နိုင်ငံတကာ ကုမ္ပဏီများနှင့်၎င်း ပါတီများက စုပေါင်းပြီး သဟာဇာတ ကျကျ စုပေါင်း အဆုံးအဖြတ်ပေးဖို့ လိုအပ်ကြောင်း သူက ပြောကြားသည်။

တွေ ့ဆုံဆွေးနွေးပွဲတွင် လက်ရှိ ရခိုင့်အမျိုးသား နိုင်ငံရေးအခြေအနေ၊ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအခြေအနေ၊ ရခိုင့်အမျိုးသားလုံခြံုရေးနှင့်ငြိမ်းချမ်းရေးကိစ္စများ ၊ ရခိုင်ပြည်တွင်းရှိ သဘာဝ သယံဇာတ အရင်းအမြစ် ကိစ္စ ရပ်များကို အကျယ်တဝင့်ဆွေးနွေးသုံးသပ်ခဲ့ကြပြီး  အောက်ပါ သဘောတူညီချက်များကိုချမှတ်နိုင်ခဲ့ကြသည်ဟု သိရသည်။

၁။ ရခိုင်အမျိုးသားညီညွတ်ရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားရန်။

၂။ ရခိုင်အမျိုးသားအင်အားစုအားလုံး ညီညွတ်စွာဖြင့် အမျိုးသားလုံခြံုရေးနှင့်ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်သွားရန်

၃။ ရခိုင်ပြည်နယ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုတ်နှံမှုနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို ထုတ်ယူ သုံးစွဲသည့်အခါ ဒေသံပြည်သူများ၏အကျိုးစီးပွားကို ရှေ ့ရှုဆောင်ရွက်ရန် – နှင့်

၄။ နောက်ထပ်တွေ ့ဆုံပွဲများကို လိုအပ်သလို ဆက်လက်ပြုလုပ်သွားရန် တို့ ဖြစ်သည်။

Most read this week