ALD နှင့် RNDP ပေါင်းစည်းပါတီတည်ထောင်ခွင့် ကော်မရှင်ခွင့်ပြု

ALD နှင့် RNDP ပေါင်းစည်းပါတီတည်ထောင်ခွင့် ကော်မရှင်ခွင့်ပြု
by -
နိရဥ္စရာ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့ နှစ်ပါတီကို တစ်ပါတီအဖြစ် ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီ ( Arakan National Party) ကို ရွှေးကောက်ပွဲ ကော်မရှင်က တည်ထောင်ခွင့်ပြုလုုိက်ပြီ ဖြစ်ကြောင်း သိရသည်။

“ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်က ပါတီ တည်ထောင် ခွင့်ပြုချက်ချပေးလိုက်တယ်” ဟု ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ဦးကဆိုသည်။

ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်ထံတွင်  လျှောက်ထားခဲ့ပြီး (၅) လနီးပါး အကြာတွင် တည်ထောင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်ပါတီမှ တစ်ဘက်ကိုယ်စားလှယ် (၁၅) ဦးစီ၊ စုစုပေါင်း (၃၀) ဖြင့် အသစ်ဖြစ်လာမည့် ပါတီကို ဦးဆောင်သွားမည်ဟု သိရသည်။

ပါတီမှတ်ပုံတင်ခွင့်ကိုလည်း ရွှေးကောက်ပွဲ ကော်မရှင်ကများမကြာမီ ခွင့်ပြုတော့မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ALD နှင့် RNDP ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုမူ အမျိုးမျိုး ထွက်ပေါ်နေသော်လည်း ယခုအခါ ပါတီ တည်ထောင်ခွင့်ကို ရရှိသွားပြီ ဖြစ်သဖြင့် လက်ရှိ ရပ်တည်လူပ်ရှားနေသော ALD နှင့် RNDP တို့ အမည်များမှာလည်း ရခိုင်နိုင်ငံရေးလောကမှ များမကြာမီ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

Most read this week