ကျည်ဆန် ထုတ်ရောင်းသည့် စစ်သားနှင့် ပို့ဆောင်ပေးသည့်အမျိုးသမီး ကျောက်တော်တွင် ဖမ်းဆီး

ကျည်ဆန် ထုတ်ရောင်းသည့် စစ်သားနှင့် ပို့ဆောင်ပေးသည့်အမျိုးသမီး ကျောက်တော်တွင် ဖမ်းဆီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်  ပြင် ပသို့  ကျည်ဆန် ထုတ်ရောင်းသည့် စစ်သား တစ်ဦးနှင့် ကျည်ဆန် ပို့ဆောင်ပေးသည့် အမျိုးသမီး တစ်ဦးကို ယမန်နေ့က ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးရမိသော ကျည်ဆံများနှင့် သက်ဆိုင်ရာက စစ်ဆေးနေပုံ ( ဓါတ်ပုံ- နိရဥ္စရာ)

ဖမ်းဆီးခံရသည့် စစ်သားမှာကျောက်တော် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ တပ်ကြပ် ကျော်ဝေ ဖြစ်ပြီး ကျည်ဆန်များ သယ်ယူလာစဉ် လမ်းတွင် ဖမ်းခံရသည့် အမျိုးသမီးမှာ ကျောက်တော်မြို့နှင့် တစ်ဘက်ကမ်း လမ်းမတော် ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မအေးကြည် ဖြစ်သည်။

ဒေါ် မအေးကြည်ကို ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိပုံကို ကျောက်တော်မြို့ အမျိုးသမီးကွန်ယက်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်လှမေက ယခုကဲ့သို့ နိရဥ္စရာသို့ ပြောသည်။

“  မအေးကြည်ဟာ ဘင်္ဂလီ ရွာသားတွေကို ဂျင်ဂလိတွေ၊ ဓါးတွေ ပို့နေတယ်လို့ လမ်းမတော်က လူတွေ ကျမတို့ကို သတင်းပေးထားတယ်။ ကျမတို့သူ့ကို စောင့်ကြည့် နေတာ ကြာပြီး။ မနေ့က မအေးကြည် စျေးခြင်းနဲ့ လမ်းမတော်ကနေ ကျောက်တော်ဘက်ကို ကူးသွားတယ်။ ဂျင်ဂလိတွေ ပါသွားတယ်လို့ ထင်ရတယ်။ ဓါးတော့ မပါဆိုပြီး ဖုန်းနဲ့ သတင်း ပေးလာလို့ ကျမတို့ သူ့ကို စောင့်နေတယ်။ မအေးကြည်ကို ကျမတို့ တွေ့တာနဲ့ ခေါ်ပြီး မေးရင်းနဲ့  သူမကို  ရှာဖွေတဲ့အခါ သူ့စျေးခြင်းထဲက ကျည်ဆန်တွေရပါတယ်။ ”

မအေးကြည်ထံမှ ဖမ်းဆီးရမိသည့် ကျည်ဆန််မှာ ၃၀၀ တောင့် ဖြစ်ပြီး ထိုအထဲတွင်  ၅ ဒသမ ၅ ကျည်ဆန် အတောင့် ၂၅၀ နှင့် ရ ဒသမ ၆၂ ကျဉ်ဆန် အတောင့် ၅၀ တို့ဖြစ်ကြောင်း သိရသည်။

ဒေါ် မအေးကြည်မှာ ကျောက်တော်မြို့ တစ်ဘက်ကမ်း လမ်းမတော်တွင်နေထိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူ ဦးသာလှမှာ ပန်းပဲလုပ်ကိုင်ကာ  ဂျင်ဂလီနှင့် ဓါးများကို ပိုက်သည်ရပ်ရှိ ဘင်္ဂလီများထံ တိတ်တခိုး ရောင်းချ နေသူဖြစ်ကြောင်း ကျောက်တော်မြို့ ခံများက ပြောသည်။

မအေးကြည်ကို ကျည်ဆန်များနှင့်အတူ ဖမ်းမိသည်နှင့်ချက်ချင်း မြို့နယ် ရဲစခန်းမှုကို ကျောက်တော် အမျိုးသမီး ကွန်ယက်မှ လွဲပြောင်းပေးလိုက််ပြီး ၅၃၇ တပ်ရင်းမှူးကို ဖုန်းဆက် အကြောင်း ကြားခဲ့ကြောင် ဒေါ်လှမေက ပြောသည်။

မအေးကြည်ကို စစ်ဆေးချက်အရ အဆိုပါ ကျည်ဆန်များအား ပိုက်သည်ရပ်ရှိ ဘင်္ဂလီ ရွာသားများအား ရောင်းချရန် အတွက် ယူဆောင်လာခြင်း ဖြစ်ကြောင်းနှင့် မအေးကြည်နေအိမ်မှ နောက်ထပ် ကျည်ဆန် ၄၆တောင့်ကို  ဆက်လက် သိမ်းဆည်းမိကြောင်း ဒေါ်လှမေက ဆက်ပြောသည်။

ယခုအခါ မအေးကြည်နှင့် တပ်ကြပ်ကျော်ဝေကို ရဲစခန်းတွင် ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ် နေကြောင်း ကျောက်တော်မြို့နယ်မှူး ရဲမှူးကြီးက အတည်ပြု ပြောကြားသည်။

“ ဟုတ်ကဲ့ ကျွန်တော်တို့ လက်နက်မှုနဲ့ဘဲ အမှုဖွင့်ထားပါတယ်။ တပ်ကြပ်ဖြစ်သူကိုလည်း ကျွန်တော် တို့ အချုပ်ခန်းထဲမှာထည့်ထားပါပြီ။ သူ့ကိုတော့ ကျွန်တော်တို့ ဥပဒေလုပ်ထုံးလုပ်နည်း အတိုင်းပေါ့ဗျာ။ တကယ်လို့ ကျွန်တော်တို့ အရပ်ဘက်ဥပဒေနဲ့ တရားစွဲမယ်ဆိုရင် လက်နက် ဥပဒေနဲ့ စွဲမှာပေါ့ဗျာ။ တပ် မတော် သားဖြစ်တဲ့အတွက် စစ်တပ် ဥပဒေအရ အရေးယူမယ်ဆိုတော့ စစ်တပ်ဥပဒေ အတိုင်း ဖြစ်မှာပါ။” ဟု ဆိုသည်။

ကျဉ်ဆန်များနှင့်အတူ ဖမ်းမိသည့် ဒေါ်မအေးကြည်၏ အစ်မဖြစ်သူ မနန်းရီမှာ တပ်ကြပ်ကျော်ဝေ၏ ဇနီးဖြစ် ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးထားသည့် ဒေါ်မအေးကြည်နှင့် တပ်ကြပ် ကျော်ဝေတို့ အမှုကို ရဲစခန်းတွင် ဆက်လက် စစ်ဆေးမည်ဖြစ်သည့်အတွက် ကျောက်တော်မြို့သူမြို့သားများမှ အထူးစိတ်ဝင်စားနေကြပြီး တချို့လည်း စောင့်ကြည့်ရန် ရဲစခန်း အနီးသို့  သွားနေကြကြောင်း သိရသည်။

Most read this week