မဟာမိတ် ၁၀ ပါတီ ပြည်ထောင်စုနေ့ စုပေါင်းကျင်းပမည်

မဟာမိတ် ၁၀ ပါတီ ပြည်ထောင်စုနေ့ စုပေါင်းကျင်းပမည်
by -
နိရဥ္စရာ

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို မဟာမိတ် (၁၀) ပါတီက စုပေါင်း ကျင်းပကြမည် ဖြစ်ကြောင််း သတင်း ရရှိသည်။

Union-of-Burma
ရန်ကုန်မြို့တွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့သော မဟာမိတ် (၁၀) ပါတီ အစည်းအဝေးတွင် ပြည်ထောင်စု နေ့ကို ထိုသို့ စုပေါင်း ကျင်းပရန် သဘောတူညီမူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒီမိုကရက်တစ် ပါတီ ( မြန်မာ) ဥက္ကဌ ဦးသုဝေက ပြောသည်။

" ဟုတ်ကဲ့။ ကျွန်တော်တို့က ဒီနေ့ နိုင်ငံရေး ၁၀ ပါတီပေါ့ဗျာ။ တိုင်းရင်းသား လူမျိုးစု ၅ ပါတီ၊ ဗမာပါတီ ၅ ပါတီ ပေါင်းပြီးတော့ အစုအဖွဲ့ ဖွဲ့ထားလိုက်တာ ဖြစ်တယ်။ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ ဆိုတာ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ မနေ့ အစည်းအဝေး လုပ်တယ်။ အစည်းအဝေးဆိုတာက လာမည့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စုနေ့ ကျင်းပ ဖို့ပေါ့နော်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ကျွန်တော်တို့ ၁၀ ပါတီ စုပြီးတော့ ကျင်းပခဲ့တယ်။ ဒီနှစ်လဲဘဲ နိုင်ငံရေး အနှစ်သာရနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စုနေ့ဖြစ်အောင် စုပေါင်း ကျင်းပမယ် ဆိုပြီးတော့ ကျွန်တော်တို့ သဘောတူထားပါတယ်" ဟု ပြောသည်။

ပြည်ထောင်စုနေ့ ကျင်းပရေးကော်မီတီကို တစ်ဖွဲ့့မှ ကိုယ်စားလှယ် တစ််ဦးကျစီဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မီတီ ၁၀ ဦးက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနေ့ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး မဟာမိတ် (၁၀) ပါတီ၏ နိုင်ငံရေး ရည်မှန်းချက်ကို မေးကြည့်ရာ ဦးသုဝေက ယခုလို ပြောသည်။

" အဲဒါတွေကတော့ ကော်မီတီက ရေးဆွဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စာတမ်းပြုစုရေးကော်မီတီ၊ အခမ်းအနား ပြင်ဆင်ရေး ကော်မီတီတို့ စသည်အားဖြင့် ကော်မီတီလေးတွေ ဖွဲ့လိုက်ပါတယ်။ စာတမ်း ပြုစုဖို့ကတော့ မနက်ဖန်မှာ ပြန်ဆုံကြမယ်" ဟု ပြောသည်။

(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မင်္ဂလာတောင်ညွန့်မြို့နယ်က လူ ၃၀၀ လောက် ဆန့်သည့် ဓမ္မရုံတခုတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အခမ်းအနားပြုလုပ်သည့် နေ့တွင် ပြည်ထောင်စု ရည်ရွယ်ချက်များ၊ နောက်ပြီး လက်ရှိ ဖြစ်ပေါ် နိုင်ငံရေး အခြေအနေများ၊ အဖွဲ့မှ ဆောင်ရွက်ချက်နေမူများ အပါအဝင် မဟာမိတ် (၁၀) ပါတီ၏ ဘောထားများကိုလည်း ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

မဟာမိတ် (၁၀) ပါတီ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲဝင် တိုင်းရင်းသား ပေါင်းစုံ ရှမ်း၊ချင်း၊ ကရင်၊ ဗမာ၊ ရခိုင်၊ မွန်၊ စသည့် နိုင်ငံရေး ပါတီ (၁၀) ခုဖြင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

Most read this week