ရခိုင်အခြေစိုက် နအဖတပ်ရင်း အများအပြား ကရင်ပြည်နယ်သို့ စစ်ကူ ပို့

ရခိုင်အခြေစိုက် နအဖတပ်ရင်း အများအပြား ကရင်ပြည်နယ်သို့ စစ်ကူ ပို့
by -
မောင်အေး

ရခိုင်ပြည်နယ်တွင် အခြေစိုက်သော တပ်ရင်း အများအပြားကို လက်ရှိ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းတွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့် ဖြစ်ပွားနေသော စစ်ပွဲများတွင် ပါ၀င် တိုက်ခိုက်ရန် အတွက် ...

ရခိုင်ပြည်နယ်တွင် အခြေစိုက်သော တပ်ရင်း အများအပြားကို လက်ရှိ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းတွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့် ဖြစ်ပွားနေသော စစ်ပွဲများတွင် ပါ၀င် တိုက်ခိုက်ရန် အတွက် စစ်ကူ ပို့ဆောင် နေကြောင်း ဒေသခံ မျက်မြင် ပြည်သူများနှင့် စစ်တပ်မိသားစုများက ပြောသည်။

burmese-army-camp-Arakanလက်ရှိ ကရင်ပြည်နယ်ဘက်သို့ ထွက်ခွာနေသော စစ်တပ် တပ်ရင်းများမှာ ကျောက်တော်၊ မြောက်ဦးနှင့် စစ်တွေမြို့နယ်များတွင် အခြေစိုက်ထားသော တပ်ရင်းများ ဖြစ်ကြပြီး တပ်ရင်း တခုစီတွင် အင်အား ၁၀၀ နှင့် ၂၀၀ အကြားရှိကြောင်း မျက်မြင်များက ပြောသည်။

“ကျောက်တော်မြို့နယ် ဒေါင်းဒေါင်ယိုး အခြေစိုက်တဲ့ တပ်ရင်းတွေနဲ့ တခြားတပ်ရင်းတွေက စစ်သားတွေ ကို အလုံးအရင်နဲ့ စစ်ကားတွေနဲ့ ပို့နေတာ ခုဆိုရင် တပ်ရင်းတွေမှာ စစ်သားတွေ မရှိသလောက် ဖြစ်သွားပါပြီ။ တပ်ရင်း လုံခြံုရေး အတွက် ကျန်းမာရေးအရ ရှေ့တန်းကို လုံးဝ မလိုက်နိုင်တဲ့ စစ်သားတွေနဲ့ မိသားစုတွေဘဲ ကျန်နေတာကို တွေ့ရပါတယ်။ တပ်ရင်းတွေမှာ အခု မြင်နေရတာကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေဘဲ ဖြစ်ပါတယ်” ဟု စစ်တပ်မိသားစုနှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။

burmese-army-camp-moveယခုလက်ရှိ ကရင်ပြည်နယ်ဘက်သို့ တပ်ကူ လိုက်သွားသော တပ်ရင်းများမှာ ကျောက်တော်အခြေစိုက် ၃၇၇၊ ၃၇၈၊ ၅၄၀၊ မြောက်ဦး အခြေစိုက် ၅၃၉၊ ၅၃၅ ပုဏ္ဍားကျွန်း အခြေစိုက် ၅၄၅နှင့် စစ်တွေ အခြေစိုက် ၂၅၂ တို့ဖြစ်ကြသည်။

စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက “ သူတို့ကို ဒီလ ရ ရက် နေ့က တည်းက တပ်ရင်း အလိုက်ပို့နေတာ ဖြစ်ပါတယ်။ လစာတွေ ထုတ်ပီးတာနဲ့ ခြောက်သွေ့ရာသီ ထိုးစစ်ဆိုပြီး အသုတ်လိုက် ကားတန်းတွေနဲ့ ပို့နေပါတယ်။ ရခိုင်ပြည်နယ်က တခြား သံတွဲ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်က တပ်ရင်းတွေနဲ့ ဆိုရင် တပ်ရင်း ၂၀ ကျော်ထိ ကရင်ပြည်နယ်ဘက်ကို ပို့ဆောင်မယ် ထင်ပါတယ်” ဟု ပြောသည်။

မြောက်ဦး ဒေသခံ တစ်ဦးကလည်း “ဘယ်တပ်ရင်းတော့ မသိဘူး။ လွန်ခဲ့တဲ့ စနေနေ့က စစ်သား ၃၀၀ ခန့်ဟာ မြောက်ဦး နန်းရာကုန်းပေါ်မှာ တန်းစီပြီး အောင်မြေနင်းနေတာတွေ့ ရတယ်။ စစ်မထွက်ခင် မြောက်ဦး နန်းရာကုန်းရှင်မကို ဆီမီး နံ့သာတွေနဲက ပသ ပူဇော်တယ်လို့လည်း သိရပါတယ်။ နန်းရာကုန်း အောက်မှာလည်း စစ်ကားတွေအများကြီး ရပ်ထားတာ တွေ့ရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကရင် ရှေ့တန်းကို ပို့ဆောင်မည်ကို သိသော စစ်သား အများအပြားမှာလည်း ရခိုင်ဘက်မှ ကရင်ပြည်နယ်သို့ စစ်မထွက်မှီ တပ်မှ ထွက်ပြေးသွားကြကြောင်း အဆိုပါ မြောက်ဦးမြို့ခံမှ ပြောသည်။

ယခင်ကလည်း မြန်မာနိုင်ငံအရှေ့ဘက်တွင် တိုင်းရင်းသား လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် အသုံးပြုရန် အတွက် ရခိုင် အခြေစိုက် တပ်ရင်းများကို စစ်ကူလိုက်ရန် ပြောင်း ရွေ့မှုများရှိခဲ့သော်လည်း ယခုလောက် တပ်အင်အား မများပြားကြောင်း သိရသည်။

ယခု စစ််တပ်တပ်ရင်း အများအပြားကို ပို့ဆောင်နေခြင်းမှာ DKBA မှ နယ်ခြောင်းစောင့်အဖြစ် လက်မခံသည့် ဗိုလ် နှုတ်ခမ်းမွေးတပ်အပါ အဝင် တခြား ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင် တိုင်းရင်းသားတပ်များနှင့် စစ်ရေးတင်းမာနေသည့် အတွက် ပို့ဆောင်းခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week