ဝမ်းဗိုက်ထဲ ယာဘားဆေးပြား ၁၅၀၀ ကို ထည့်ပြီး သယ်ယူသူ မြန်မာနိုင်ငံသား ဗိုက်ခွဲခံရပြီးနောက် ဖမ်းဆီးခံရ

ဝမ်းဗိုက်ထဲ ယာဘားဆေးပြား ၁၅၀၀ ကို ထည့်ပြီး သယ်ယူသူ မြန်မာနိုင်ငံသား ဗိုက်ခွဲခံရပြီးနောက် ဖမ်းဆီးခံရ
by -
ထွန်းထွန်း

အသက် ၄၄ နှစ်အရွယ် မြန်မာနိုင်ငံသားဟု သင်္ကာမကင်းခံရသူ တစ်ဦးထံမှ ၀မ်းဗိုက်ထဲ အိတ်ဖြင့် ထည့်ပြီး သယ်ယူလာသည့် ယာဘား ဆေးပြား ၁၅၀၀ ကို ၀မ်းဗိုက်ခွဲခံရပြီးနောက် ဘင်္ဂလာရဲက ဖမ်းဆီး...

အသက် ၄၄ နှစ်အရွယ် မြန်မာနိုင်ငံသားဟု သင်္ကာမကင်းခံရသူ တစ်ဦးထံမှ ၀မ်းဗိုက်ထဲ အိတ်ဖြင့် ထည့်ပြီး သယ်ယူလာသည့် ယာဘား ဆေးပြား ၁၅၀၀ ကို ၀မ်းဗိုက်ခွဲခံရပြီးနောက် ဘင်္ဂလာရဲက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ ဘူလူ မီယာ ဖြစ်ပြီး မြန်မာနိုင်ငံမှ မွတ်ဆလင် တစ်ဦးဖြစ်ကြောင်း ဘင်္ဂလာရဲက သံသယရှိနေသည်။

ဘူလူ မီယာသည် ငွေ အပြင်းအထန် လိုအပ်နေသဖြင့် ယာဘားဆေးပြား ၁၅၀၀ ကို ပိုက်ဆံ ၂၀၀၀ တာကာဖြင့် ပလစတစ် အိတ်ထဲ တွင် ထည့်ကာ ၀မ်းဗိုက်ထဲတွင် မျိုချ၍ နယ်စပ် တက်ကနက်မြို့မှ စစ်တကောင်းသို့ ယူလာစဉ် ဗိုက်အောင့် အကြီးအကျယ် အောင့်ရာမှ အင်္ဂါနေ့က စစ်တကောင်းမြို့ ပြင်ပ ဆေးခန်းတစ်ခု ဖြစ်သော CSCR သို့ သွားရောက်ပြသခဲ့ရသည်။

ဆရာဝန်များမှ ဘူလူ ၀မ်းဗိုက်ထဲ ဓါတ်မှန် ရိုက်ကြည့်ရာ မသင်္ကာဖွယ်ရာ အရာဝတ္ထု တစ်ခုကို တွေ့ရှိသဖြင့် ဘူလူ၏ ၀မ်းဗိုက်ကို ဗုဒ္ဓဟူးနေ့ နံနက်က ခွဲစိတ်ရာ ပလစတစ် အိတ်ငယ် တစ်ခုဖြင့် ထုတ်ထားသော ယာဘား ဆေးပြား ၁၅၀၀ ကို တွေ့ရှိခဲ့သည်။

အဆိုပါ ယာဘားများကို တွေ့ရှိပြီးနောက် ဆရာဝန်များက နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားရာ ဘူလူကို ဘင်္ဂလာရဲက ဆေးပြား ၁၅၀၀ နှင့်အတူ ဖမ်းဆီးလိုက်သည်။

ဗိုက်ခွဲပြီးနောက် ဘူလူ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်လာသည်ဟု ရဲက ပြောသည်။

ယခု ဖမ်းဆီးမိသော ဆေးပြားများ တန်ဖိုးမှာ ကာလပေါက်ဈေး တာကာ ၃ သိန်းကျော် ဖိုးခန့် ရှိကြောင်း ရဲအရာရှိ တဦးက ပြောကြား သည်။

ဘူလူမှာ ငွေ တာကာ ၂၀၀၀ အတွက် ယာဘားဆေးပြားများကို ဘင်္ဂလာအာဏာပိုင်များမှ အဖမ်းဆီး မခံရအောင် ၀မ်းဗိုက်ထဲတွင် မျိုချပြီး ယူဆောင်လာခဲ့သော်လည်း သူ့ကို တည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဟု ရဲအရာရှိက ပြောသည်။

ဘူလူမှာ ဘင်္ဂလီစကားကို ပီပီသသ မပြောနိုင်သည့်အပြင် နေရပ်လိပ်စာများကိုလည်း မှန်မှန်ကန်ကန် မပြောနိုင်သဖြင့် ဘင်္ဂလာ ရဲအဖွဲ့က သူ့မှာ မြန်မာနိုင်ငံသား မွတ်ဆလင် တစ်ဦးဖြစ်နိုင်ကြောင်း ပြောဆိုသည်။

ယနေ့ထုတ် The Independent သတင်းစာနှင့် တခြား သတင်းစာများတွင် ဘူလူကို မြန်မာနိုင်ငံသား ရိုဟင်ဂျာဟု ဖေါ်ပြထားသည်။

 

 

 

 

 

Most read this week