ဘူးသီးတောင်မှ ရခိုင် အမျိုးသမီး ဗလက္ကာရ ပြုကျင့်ခံရ

ဘူးသီးတောင်မှ ရခိုင် အမျိုးသမီး ဗလက္ကာရ ပြုကျင့်ခံရ

ဘူးသီးတောင်မြို့မှ လင်ရှိ အမျိုးသမီးတစ်ဦးကို မူဆလင် ၂ ဦးက ဗလက္ကာရ ပြုကျင့်ခဲ့...

ဘူးသီးတောင်မြို့မှ လင်ရှိ အမျိုးသမီးတစ်ဦးကို မူဆလင် ၂ ဦးက ဗလက္ကာရ ပြုကျင့်ခဲ့ကြောင်း သတင်း ရရှိသည်။

ဗလက္ကာရ ပြုကျင်ခံရသူမှာ ဒေါ် ---- ( ၄၂) နှစ် ဖြစ်ပြီး ဘူးသီးတောင် ၃ ရပ်ကွက်မှ ဖြစ်ကြောင်း သူတို့နှင့် နီးစပ်သူ အမျိုးသမီး တဦးက ပြောသည်။

“ဖြစ်တာက ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဖြစ်တာပါ။ သူနဲ့ သူယောင်္ကျားက သီဟို သရက်ခြံမှာ အစောင့်တွေ ဖြစ်ပါတယ်။ သီဟိုခြံက အပြန်မှာ မူဆလင် ၂ ယောက်က နောက်က လိုက်လာပြီး ယောင်္ကျား ဖြစ်သူကို သတ်ပုတ်ပြီး မိန်းမကို ဗလက္ကာရ ပြုကျင့်တာ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

အဆိုပါ အမျိုးသမီးတို့ အစောင့် လုပ်နေသော သီဟို သရက်ခြံမှာ ဘူးသီးတောင် ထောင်အနီးတွင် တည်ရှိပြီး လင််မယား နှစ်ယောက် အလုပ်ပြီး၍ ပြန်လာစဉ် ထိုသို့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီးနှင့် ယောင်္ကျား ဖြစ်သူကို ဆေးရုံသို့ ပို့လိုက်ရပြီး ဆေးစစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုအခါ ဗလက္ကာရ ပြုကျင့်သူ နှစ်ဦးကို ဘူးသီးတောင်ရဲမှ အချိန်မှီ ဖမ်းဆီးထားနိုင်ခဲ့ပြီး တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

( မှတ်ချက်။ ။ သက်ဆိုင်သူများကို ထိခိုက်နိုင်သဖြင့် အမျိုးသမီးနှင့် ယောင်္ကျား ဖြစ်သူ၏ အမည်ကို မဖေါ်ပြလိုက်တော့ပါ။)

Most read this week