လယ်ထွန်ချိန်တွင် ကျွဲ၊ နွားများ ခွာနာ လျှာနာဖြစ်၍ ရခိုင် လယ်သမားများ လယ်ထွန်ရန် အခက်တွေ့

လယ်ထွန်ချိန်တွင် ကျွဲ၊ နွားများ ခွာနာ လျှာနာဖြစ်၍ ရခိုင် လယ်သမားများ လယ်ထွန်ရန် အခက်တွေ့
by -
စံလင်း
ရခိုင်ပြည်နယ်တွင် မိုးဦးကာလ လယ်ထွန်ချိန်၌ ကျွဲ၊ နွားများ ခွာနာ- လျှာနာ ရောဂါဖြစ်ပွား နေသဖြင့် လယ်ယာ ထွန်ယှက်ရာတွင် ရခိုင် တောင်သူ လယ်သမားများ အခက်ကြံုတွေ့ နေကြရ...

ရခိုင်ပြည်နယ်တွင် မိုးဦးကာလ လယ်ထွန်ချိန်၌ ကျွဲ၊ နွားများ ခွာနာ- လျှာနာ ရောဂါဖြစ်ပွား နေသဖြင့် လယ်ယာ ထွန်ယှက်ရာတွင် ရခိုင် တောင်သူ လယ်သမားများ အခက်ကြံုတွေ့ နေကြရသည်ဟု သိရသည်။

“ကျွဲ၊ နွားတွေ ခွာနာ၊ လျှာနာ ဖြစ်နေတော အစာလည်း မစားနိုင်တော့ဘူး၊ ခြေထောက်တွေလည်း ထောက်လို့ မရတော့ဘူး၊ အခုလို လယ်ထွန်ချိန်မှာ ကျွဲ၊ နွားတွေ ရောဂ ါဖြစ်တော့ လယ်သမားတွေ အတွက် အထူး အခက်တွေ့ နေကြပါတယ်။ ရောဂါကတော့ ကျွဲတွေမှာ အဖြစ်နည်းပြီး၊ နွားတွေက အဖြစ်များ ပါတယ်။ ရောဂါ ဖြစ်ရင် ကျွဲနွား တွေဟာ တအားပိန်ချံု့သွားပြီး ချက်ချင်း အလုပ်ပြန်ခိုင်းလို့ မရပါဘူး ” ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတဦးက ပြောသည်။

ကျွဲ၊ နွားများ ခွာနာ၊ လျှာနာ အဖြစ်များသော မြို့နယ်များမှာ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပြီး စစ်တွေနှင့် အခြားမြို့နယ် များတွင်လည်း ဖြစ်ပွားမှု တချို့ ရှိနေ ကြောင်း သိရသည်။

တချို့လယ်သမားများသည် သူတို့၏ ကျွဲ၊ နွားများကို ကာကွယ် ဆေးများ ထိုးထား သော်လည်း ရောဂါဖြစ်ပွားသော ကျွဲ၊ နွားများမှ အခြားကျွဲ၊ နွားများသို့ ကူးစက်ပြန့်ပွား နေသဖြင့် အဆိုပါ ရောဂါမှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေကြောင်း သိရသည်။

တချို့နွားတွေမှာ ရောဂါ ပြင်းထန်ပြီး အစာမစားနိုင်သောကြောင့် သေဆုံးမှုများ ရှိကြောင်း သိရသည်။

“တချို့လယ်သမားတွေက သူတို့ ကျွဲ၊ နွားတွေကို ကာကွယ်ဆေးများထိုးပေးထားပါတယ်။ ဒါပေမယ့်လည်း နွားတွေမှာ ခွာနာ လျှာနာ ဖြစ်နေကြတာပါဘဲ။ တကောင် ကနေ တကောင်ကို ကူးစက်တယ် ထင်ပါတယ်။ တချို့နွားတွေဆိုရင် အစာမစားနိုင်လို့ သေဆုံးသွားတာတွေ ရှိပါတယ်။ ဒီလိုဖြစ်လာရင် နွားတွေက တအားပိန်သွားပြီး သေဆုံးသွားတတ်ပါတယ်” ဟု အဆိုပါ လယ်သမားမှ ဆက်လက်ပြောကြားသည်။

သို့သော်လည်း သက်ဆို်င်ရာ တိမွေးကု ဌာနများမှ အဆိုပါ ရောဂါကို နိုင်နိုင်နှင်းနှင်း ကုသ ကာကွယ်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်းသိရသည်။ ထိုိသို့ ကုသ မကာကွယ် နိုင်ခြင်းမှာ ဆေးဝါး အလုံအလောက် မရှိ၍ ဖြစ်ကြောင်း သိရသည်။

ယခုလို လယ်ထွန်ချိန်တွင် ကျွဲ၊ နွားများ ရောဂါဖြစ်ပွားနေသောကြောင့် လယ်မြေများကို ကောင်းမွန်စွာ မထွန်ယှက် နိုင်သဖြင့် စပါး အထွက်နှုန်း ကျဆင်းပြီး စီးပွားရေး အဆင်မပြေမှာကို လယ်သမားများ အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

Most read this week