ALP တွင် လက်နက်ချသွားသူ စစ်သား ၆ ဦးကို ရှင်းပစ်ရန် ထောက်လှမ်းရေးများကို ဘင်္ဂလာဒေချ့်သ်ို့ စေလွတ်ထား

ALP တွင် လက်နက်ချသွားသူ စစ်သား ၆ ဦးကို ရှင်းပစ်ရန် ထောက်လှမ်းရေးများကို ဘင်္ဂလာဒေချ့်သ်ို့ စေလွတ်ထား
by -
မောင်အေး
ရခိုင်ပြည်လွှတ်မြှောက်ရေး ပါတီ ALP တွင် လက်နက်ချသွားသော စစ်သား ၆ ဦးကို ရှင်းပစ်ရန်အတွက် အရပ်ဝတ် ထောက်လှမ်းရေးများကို စေလွှတ်ထားကြောင်း အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦးက ပြော....

ရခိုင်ပြည်လွှတ်မြှောက်ရေး ပါတီ ALP တွင် လက်နက်ချသွားသော စစ်သား ၆ ဦးကို ရှင်းပစ်ရန်အတွက် အရပ်ဝတ် ထောက်လှမ်းရေးများကို စေလွှတ်ထားကြောင်း အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

“သူတို့က စစ်ရေး အရ အရေးယူနိုင်အောင် အိန္ဒိယ နယ်မြေထဲထိ ၀င်ရောက်လူပ်ရှားမူတွေ အများကြီး လုပ်ခဲ့တယ်။ ALP ဌာနချုပ်ကို သူတို့ စီးနှင်း တိုက်ခိုက်ဖို့ထိ သူတို့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် စစ်ရေးအရ ၀င်းရှင်းဖို့ မလွယ်ကူတဲ့ အတွက် အခုအခါ ထောက်လှမ်းရေးတွေကို အရပ်ဝတ်နဲ့ ဘင်္ဂလာဒေချ့် နိုင်ငံထဲကို စေလွတ်ထားတာ ဖြစ်တယ်။”

နအဖ စစ်တပ်သည် အဆိုပါ စစ်သား ၆ ဦး လက်နက် အမြောက်အမြားဖြင့် ALP ထံ လက်နက် ချသွားပြီးနောက် အိန္ဒိယ နိုင်ငံထဲရှိ ရခိုင်ကျေးရွာ အများအပြားကို ညဉ့်အချိန်တွင် ၀င်ရောက် စီးနှင်းမူများ ပြုလုပ်ခဲ့သည်။ ၎င်းအပြင် အိန္ဒိယ နိုင်ငံထဲထိ ၀င်ရောက်ပြီး ကင်းပုန်းဝပ်ကာ စစ်ရေးအရ လက်စားချေ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။

သို့အတွက် အိန္ဒိယ နိုင်ငံထဲရှိ တက်ပုတ်ချေ၊ ကာကီရွာနှင့် ရွာသစ်ကျေးရွာများတွင်နေထိုင်နေသော ရခိုင် ကျေးရွာသားများမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရသည်။

အဆိုပါ စစ်ရေးအရ ဆောင်ရွက်မူ မအောင်မြင် သဖြင့် နောက်ပိုင်းတွင် ယခုကဲ့သို့ ထောက်လှမ်းရေများကို အရပ်ဝတ်ဖြင့် ဘင်္ဂလာဒေချ့်နိုင်ငံထဲသို့ စေလွှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံသား တဦးက “ သိပ်တော့ မလွယ်ဘူးထင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ သတင်းပေးတွေ၊ ထောက်လှမ်းရေးတွေက ကော့ဘဇားထိတောင် ရှိနေတယ်ဆိုတော့ သူတို့ လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ ဘင်္ဂလာဒေချ့်ဘက်ကို ၀င်ရောက်ပီး အဲဒီ စစ်သားတွေ ဘင်္ဂလာနိုင်ငံထဲကို ရောက်မရောက် စုံစမ်းနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ လက်နက်နဲ့ ၀င်းရှင်းဖို့ဆိုတာကတော့ သိပ်မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်သား ၆ ဦးသည် စစ်တွေ အခြေစိုက် ခမရ ၂၃၂ တပ်ရင်းမှ ဖြစ်ပြီး အိန္ဒိယ- မြန်မာ နယ်စပ်တွင် တာဝန် ကျနေစဉ် မေလ ၁၆ ရက်နေ့က မြိတ်ဝ စခန်းမှ စခန်းမှူး ဗိုလ်ကြီး ထက်အောင်ထွန်းကို ပစ်သတ်ပြီး လက်နက်မျိုးစုံ ၁၁ လက် အပါအဝင် တခြား ခဲယမ်း မီးကျောက် အများအပြားနှင့် အတူ ALP ထံ လက်နက်ချ ပူးပေါင်းခဲ့သည်။

သူတို့ လက်နက်ချသွားသဖြင့် ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ကျော်မိုးဟိန်းမှာ အရေးယူ အပြစ်ပေးခံထားရကြောင်း သိရသည်။

Most read this week