မောင်တောမြို့နယ်တွင် ရယက ဥက္ကဌ တဦးမှ ယူအန်မှ ကျောင်းဆရာမ တဦးကို မုဒိမ်းကျင့်

မောင်တောမြို့နယ်တွင် ရယက ဥက္ကဌ တဦးမှ ယူအန်မှ ကျောင်းဆရာမ တဦးကို မုဒိမ်းကျင့်
မောင်တောမြို့နယ်တွင် ရယက ဥက္ကဌ တဦးမှ ယူအန် ပညာရေး အစီအစဉ်တွင် တာဝန် ထမ်းဆောင်နေသော ကျောင်းဆရာမ တဦးကို ဗလက်ကာရ ပြုကျင့်ခဲ့သဖြင့် ပြဿနာ ဖြစ်ပွားနေကြောင်း ဒေသခံများက နိိရဥ္စရာသို့ ပြော...

မောင်တောမြို့နယ်တွင် ရယက ဥက္ကဌ တဦးမှ ယူအန် ပညာရေး အစီအစဉ်တွင် တာဝန် ထမ်းဆောင်နေသော ကျောင်းဆရာမ တဦးကို ဗလက်ကာရ ပြုကျင့်ခဲ့သဖြင့် ပြဿနာ ဖြစ်ပွားနေကြောင်း ဒေသခံများက နိိရဥ္စရာသို့ ပြောသည်။

မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူ မူဆလင် အမျိုးသမီး ကျောင်းဆရာမ ( ၂၈ နှစ်)အား အဆိုပါ ကျေးရွာမှ ရယက ဥက္ကဌ ဇီယာဘူ ရာမန်က မုဒိမ်းကျင့်သည့် ဖြစ်စဉ် တခု ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ကျေးရွာသားများ အဆိုအရ အဆိုပါ ဆရာမမှာ ဘူးသီးတောင်မြို့မှ ဖြစ်ပြီး တခြား ရခိုင်အမျိုးသမီး ဆရာမ တဦးနှင့် ကညင်တန်း ကျေးရွာ ရယက ဥက္ကဌဟောင်း အိုလီအာမတ် နေအိမ်တွင် နေထိုင်နေကြကြောင်း၊ ဇွန်လ ၄ ရက်နေ့က ရခိုင်အမျိုးသမီး ဆရာမမှာ သူမ၏ ကျေးရွာ ဖြစ်သော မောရဝတီ ကျေးရွာသို့ ပြန်သွားသဖြင့် အဆိုပါ ဆရာမမှာ တဦးတည်း ကျန်နေခဲ့ကြောင်း၊ ညနေ ၈ နာရီခွဲခန့်တွင် ရယက ဥက္ကဌ ဇီယာသည် အိမ်ထဲသို့ ၀င်လာပြီး ဆရာမကို မုဒိမ်းကျင့်ကြောင်း၊ ဆရာမမှာ အော်ဟစ် အကူအညီတောင်းခံသဖြင့် ကျေးရွာသားများ ၀ိုင်းလိုက်လာပြီး ရယက ဥက္ကဌ အား ဖမ်းဆီးပြီး အမှတ် (၇) နစက နယ်မြေ ဌာနချုပ်သို့ သွားရောက် အပ်နှံခဲ့ကြောင်း သိရသည်။

သို့သော်လည်း မုဒိမ်းမူ မြောက် မမြောက်ကို မိမိတို့ မသိရှိကြောင်း ကျေးရွာသားများက ပြောသည်။

ဇွန်လ ၆ ရက်နေ့ ညနေက နစက အမှတ် (၇) နယ်မြေ နယ်မြေမှူး ဗိုလ်မှူး နေမျိုးမှ ရယက ဥက္ကဌထံမှ သိန်း ၄၀ လာဒ်ငွေ ယူဆောင်ပြီး ကျေးရွာ ရယက ဥက္ကဌ ဇီယာကို ခံဝန်ကတိဖြင့် ပြန်လည် လွတ်ပေးခဲ့သည်ဟု သိရသည်။

သို့သော်လည်း ယခုအခါ အဆိုပါ ဖြစ်စဉ်မှာ အထက်သို့ ပေါက်ကြားသွားသဖြင့် အမှတ် (၇) နယ်မြေမှ နစက အရာရှိများက အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျေးရွာ သားများကို မှန်မမှန်ကို စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။ ယခုအချိန်ထိ ဇီယာကို ဖမ်းဆီး အရေးယူခြင်း မရှိသေးကြောင်း သိရသည်။

Most read this week