မြန်မာ နိုင်ငံသား ၃၇ ယောက် ပြန်ပို့ခံရ

မြန်မာ နိုင်ငံသား ၃၇ ယောက် ပြန်ပို့ခံရ
by -
ထွန်းထွန်း
ဘင်္ဂလားဒေ့ချ် နယ်စပ်လုံခြံုရေး တပ်ဖွဲ့ (BDR) မှ နယ်စပ်မှ တရားမဝင် ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၃၇ ယောက်ကို ကြာသပတေးနေ့က မြန်မာနိုင်ငံသို့ ပြန်လည် နှင်ထုတ်လိုက်သည်ဟု....

ဘင်္ဂလားဒေ့ချ် နယ်စပ်လုံခြံုရေး တပ်ဖွဲ့ (BDR) မှ နယ်စပ်မှ တရားမဝင် ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၃၇ ယောက်ကို ကြာသပတေးနေ့က မြန်မာနိုင်ငံသို့ ပြန်လည် နှင်ထုတ်လိုက်သည်ဟု သတင်း ရရှိသည်။

နှင်ထုတ်ခံရသူ အများစုမှာ ရခိုင်များဖြစ်ပြီး အနည်းစုမှာ အစ္စလာမ်ဘာသာဝင် ကုလားများ ဖြစ်ကြသည်ဟု ဒေသခံ ပန်းထိမ် ဆရာ တဦးကပြောသည်။

သူတို့အား တက်ကနက် အခြေစိုက် အမှတ် ဘီဒီအာရ် ၄၂တပ်ရင်းက ဧပြီ ၁၉ နှင့် ၂၀ ရက်နေ့များတွင် နယ်စပ်မှ ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

တချို့ရခိုင် အမျိုးသားများမှာ ကျွဲနွားများကို ရောင်းချရန် ဘင်္ဂလာဒေချ့်သို့ တရား မဝင် ၀င်ရောက်လာစဉ် ဖမ်းဆီးခံခဲ့ရပြီး ပစ္စည်းများကို အသိမ်းခံရကာ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ပြန်လည် နှင်ထုတ်ခံရခြင်း ဖြစ်သည်။

သူတို့ ၃၇ ဦးအား နတ်မြစ်မှ တဆင့် မော်တော် စက်လှေများဖြင့် ပြန်လည် နှင်ထုတ်လိုက်ခြင်းကို ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ တာဝန်ရှိသူများကလည်း အတည်ပြု ပြောကြားသည်။

ပြည်တွင်း စီးပွားရေး မပြေလည်မှုကြောင့် အသက်ကိုစွန့်ပြီး ပင်လယ်ပြင်ကို ဖြတ်ကာ နှစ်နိုင်ငံ အကြား တရားမဝင် ကုန်သွယ် ရောင်းကုန်ဝယ် ဖေါက်ကားသူ မြန်မာ နိုင်ငံသားများမှာ ဘင်္ဂလာဒေချ့်တွင် မကြာခဏ ဖမ်းဆီး ခံနေရပြီး တချို့မှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ ထောင်ထဲတွင် နှစ်ရှည်လများ ထိမ်းသိမ်း ခံနေရသည်ဟု သိရသည်။

Most read this week