မာန်အောင် မယက ဥက္ကဌ ကျေးလက် တောရွာများတွင် အလှမယ်ပြိုင်ပွဲများ ကျင်းပ ပြုလုပ်

မာန်အောင် မယက ဥက္ကဌ ကျေးလက် တောရွာများတွင် အလှမယ်ပြိုင်ပွဲများ ကျင်းပ ပြုလုပ်
by -
ခိုင်သိန်း
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မယက ဥက္ကဌ သည် အလှမယ်ပြိုင်ပွဲများကို မြို့ပေါ်တွင် ပြုလုပ်သည်သာမက ကျေးလက်တောရွာများသို့ ကိုယ်တိုင်ဆင်းပြီး အလှမယ် ပြိုင်ပွဲများကို ပြုလုပ်နေသည်ဟု...

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မယက ဥက္ကဌ သည် အလှမယ်ပြိုင်ပွဲများကို မြို့ပေါ်တွင် ပြုလုပ်သည်သာမက ကျေးလက်တောရွာများသို့ ကိုယ်တိုင်ဆင်းပြီး အလှမယ် ပြိုင်ပွဲများကို ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်က အားကစား သမား လူငယ် တဦးက “ ကျွန်တော်တို့ မာန်အောင်မြို့နယ် ဥက္ကဌက ဦးအောင်တင်လင်းပါ။ သူက ကျေးလက် တောရွာ တွေကို ကိုယ်ကိုတိုင် သွားပြီး တရွာက အလှဆုံး အမျိုးသမီးငယ် တဦးစီ လာရမယ်ဆိုပီး မလာ မနေရ ဆင့်ခေါ်ကာ ခုလို ကျေးလက်ဒေသ အလှမယ် ပြိုင်ပွဲတွေကို ကျင်းပ ပြုလုပ်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

မာန်အောင်မြို့နယ် အမျိုးသမီး အလှမယ် ပြိုင်ပွဲဟု ခေါင်းစဉ်တပ်ထားသော အလှမယ် ပြိုင်ပွဲ တခုကို မာန်အောင်မြို့နှင့် ၈ မိုင်အကွာတွင်ရှိသော ဇရပ်ကုန်းခင်ကျေးရွာ အထက်တန်းကျောင်းတွင် မတ် ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ပြုလုပ်သွားသည်ဟု သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် အမျိုးသမီးများ သီချင်းဆို ပြိုင်ပွဲကိုလည်း ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို မာန်အောင်မြို့နယ် မယက ဥက္ကဌ ဦးအောင်တင်လင်း နှင့် သူ၏ အပေါင်းအပါများ ဖြစ်ကြသော ပြည်ခိုင်ဖြိုးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ခေါင်းဆောင် များလည်း တက်ရောက်ခဲ့သည်။

“သူတို့ဘာကြောင့် အမျိုးသမီး ငယ်ငယ်ချောချောတွေကို ခေါ်ပီး အလှမယ်ပြိုင်ပွဲ လုပ်ရသလဲ ဆိုတာကကတော့ ရှင်းပါတယ်။ သူတို့ဟာ ကာယ အလှပြိုင်ပွဲတွေ လုပ်တိုင်း အမျိုးသား အလှမောင် ပြိုင်ပွဲတွေကျကို ဘယ်တော့မှ မထည့်ပါဘူး။ အမျိုးသမီး အလှမယ် ပြိုင်ပွဲတွေကိုဘဲ လုပ်ပါတယ်။ င်္သီချင်း ဆိုပြိုင်ပွဲဆိုရင်လည်း အမျိုးသားတွေကို ပါ၀င်ခွင့် မပြုပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ် ဆိုတာက ရှင်းနေတာဘဲ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

Mannaung-Port

ဇရပ်ကုန်းခင်တွင် ပြုလုပ်သော အလှမယ် ပြိုင်ပွဲတွင် ပထမဆုကို ဇရပ်ကုန်းခင် ကျေးရွာမှ မမူမူဝင်း၊ ဒုတိယဆုကို ဘူးရေမျက်ကျေးရွာမှ မလေ့ဝင်း တို့က ရရှိခဲ့သည်။ သူတို့ကို ကျပ်ငွေ ၅၀၀၀၀ နှင့် ကျပ်ငွေ ၃၀၀၀၀ စီ ပထမဆုနှင့် ဒုတိယ ဆုများအဖြစ် အသီးသီး ချီးမြှင့်ခဲ့သည်ဟု သိရသည်။

သီခြင်းဆိုပြိုင်တွင် သစ်ပုံကျေးရွာမှ မဆုမွန်မြတ်က ပထမဆု ရရှိပြီး မျှော်တော်ဦးကျေးရွာမှ မခင်ခင်လှက ဒုတိယဆု အသီးသီး ရရှိခဲ့သည်။ သူတို့ကိုလည်း ကျပ်ငွေ ၄၀၀၀၀ နှင့် ကျပ်ငွေ ၃၀၀၀၀ စီ ပထမဆုနှင့် ဒုတိယဆု အသီးသီး ချီးမြှင့်ခဲ့ သည်။

အဆိုပါ ဆုချီးမြှင့်ငွေများကိုလည်း အနီးအနား ကျေးရွာများနှင့် စီးပွားရေး သမားများထံမှ မယက ဥက္ကဌမှ အတင်းအဓမ္မ ကောက်ခံခဲ့သည်ဟု သိရသည်။

အလှမယ် ပြိုင်ပွဲတွင် မာန်အောင်မြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်သော ဇရပ်ကုန်းခင်၊ ဘူးရေမျက်၊ သစ်ပုံ၊ မျှော်တော်ဦး၊ ကြက်ရိုး၊ ပြားကြီး၊ ဘဲအင်းစသည့် ကျေးရွာများမှ ကာယအလှမယ်နှင့် သီခြင်းဆို သူ အမျိုးသမီးငယ် စုစုပေါင်း ၄၀ ကျော် တက်ရောက် ယှဉ်ပြိုင်ခဲ့သည်ဟု သိရှိရသည်။

Most read this week