ကျောက်ဖြူတွင် တွင်ကျယ်လာနေသော ပြည်တံဆာ လုပ်ငန်းများ၌ အာဏာပိုင်များ ပါ၀င် ပတ်သက်နေ

ကျောက်ဖြူတွင် တွင်ကျယ်လာနေသော ပြည်တံဆာ လုပ်ငန်းများ၌ အာဏာပိုင်များ ပါ၀င် ပတ်သက်နေ
ရခိုင်ပြည်နယ်၏ ဒုတိယ အကြီးဆုံး မြို့တော် ကျောက်ဖြူတွင် တဖြည်းဖြည်း တွင်ကျယ်လာနေသည့် ပြည်တံဆာ လုပ်ငန်းများ၌ အာဏာပိုင်များ ပါ၀င်ပတ်သက်နေသည်ဟု ကျောက်ဖြူ ဒေသခံများက...

ရခိုင်ပြည်နယ်၏ ဒုတိယ အကြီးဆုံး မြို့တော် ကျောက်ဖြူတွင် တဖြည်းဖြည်း တွင်ကျယ်လာနေသည့် ပြည်တံဆာ လုပ်ငန်းများ၌ အာဏာပိုင်များ ပါ၀င်ပတ်သက်နေသည်ဟု ကျောက်ဖြူ ဒေသခံများက ပြောသည်။

အမည် မဖေါ်လိုသူ ဒေသခံ တဦးက "ကျောက်ဖြူက အရင်နဲ့ မတူတော့ဘူး။ တော်တော် ပျက်စီးလာနေတယ်။ ပြည်တံဆာတွေနဲ့ အနှိပ်ခန်းတွေလည်း အရမ်းပေါလာတယ်။ ခုလို လုပ်ငန်းတွေမှာ အာဏာပိုင်တွေကပါ ပါ၀င်ပတ်သက်နေတော့ အခြေအနေက အရမ်းဆိုးသွားတယ်။ အထက်ကို တိုင်ကြားလို့လည်း ဘာမှ အရေးယူတာ မရှိပါဘူး။" ဟု ပြောသည်။

ယခုကဲ့သို့ အခြေအနေများ ဆိုးရွားလာခဲ့ခြင်းမှာ ဂတ်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်း များကြောင့် နိုင်ငံခြားသားများနှင့် သင်္ဘောများ အဝင်အထွက်များလာရာမှ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

"အနှိပ်ခန်းတွေမှာ သက်ဆိုင်ရာ ရယက ဥက္ကဌတို့၊ ကြံ့ဖွတ်၊ ရဲနဲ့ စစ်တပ်က မိသားစုတွေ အစု ချယ်ယာတွေ ၀င်ပါ နေကြတာကတော့ အသေအချာ ဖြစ်ပါတယ်။ သာမန် ရပ်ကွက်တွင်းက ပြည်တံဆာ လုပ်ငန်းတွေမှာတော့ ရယက ဥက္ကနဲ့ ရဲတွေက ပါ၀င်ပတ်သက်နေပါတယ်။ သူတို့ကို ပိုက်ဆံ ပေးထားရတော့ သူက ခုလို ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ အခြေအနေကတော့ အစိုးရ စီမံကိန်းတွေ ဖြစ်တဲ့ ဂတ်စ်နဲ့ ရေနံပိုက်လိုင်းတွေကြောင့် လူမျိုးစုံ ၀င်ရောက်ရာကနေ ခုလို ပိုဆိုးရွားလာတာ ဖြစ်ပါတယ်။"

၄င်းပြင် ပြည်တံဆာလုပ်ငန်းမှာ အလွယ်တကူ ၀င်ငွေရသော လုပ်ငန်းဖြစ်သဖြင့် ယခုအခါ အထူး တိုးပွားနေသည်ဟု သူက ပြောသည်။

Kyauk-Pru

"ကျောက်ဖြူမှာ အနှိပ်ခန်း ၂၀ ခန့်ရှိမယ်ထင်ပါတယ်။ ပြည်တံဆာ လုပ်ငန်းကတော့ နေရာ အနှံ့ပါဘဲ။ အဓိက ဆိုးရွားနေတဲ့ နေရာကတော့ ရခိုင်ပိုက်ဆိပ်ရပ် ဘုရားကြီးလမ်းမှာ ဖြစ်ပါတယ်။ အဲဒီမှာ အမျိုးသမီး လေးဦးက ပြည်တံဆာလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေပါတယ်။ နာမည်တွေကတော့ ဒေါ်----- ဖြစ်ပါတယ်။ လုပ်စားနေတဲ့ အမျိုးသမီးငယ်ကတော့ ၅၀ ခန့်ရှိမယ် ထင်ပါတယ်။ ညနေ ၆ နာရီကျော်ရင် အဲဒီလမ်းကို သွားလာဖို့ အခက်အခဲ ပါဘဲ။"

အဓိက အခက်အခဲ ဖြစ်နေသော ကျောင်းသား ကျောင်းသူများမှာ ကျောက်ဖြူ ကညင်တန်းရပ်ကွက်မှ ဖြစ်ပြီး အဆိုပါ ကျောင်းသားကျောင်းသူများ ကျောင်းသွားရာတွင် အဆိုပါလမ်းကို ဖြတ်သန်း သွားရသည်။

၎င်းပြင် ယခုကဲ့သို့ ပြည်တံဆာလုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်နေသဖြင့် အနီးအနားရှိ ဘုရားကြီးကျောင်းနှင့် သံဖြူကျောင်းများကိုပါ ထိခိုက်နေသည်ဟု သိရသည်။

ကျောက်ဖြူတွင် ရေနံနှင့် သဘာဓါတ်ငွေ့ ပိုက်လိုင်းများ အပြင် ရေနက်ဆိပ်ကမ်းနှင့် တခြား ငါးဖမ်းလုပ်ငန်းများကြောင့် စီးပွားရေး ဖွံဖြိုးတိုးတက်ရေး အနည်းငယ် လူးလွန့်စ ပြုလာပြီးနောက် ယခုကဲ့သို့ မကောင်းမူ လုပ်ငန်းများပါ ဒွန်တွဲ တိုးတက်လာခြင်း ဖြစ်သည်။

မကောင်းမူ လုပ်ငန်းများ တွင်ကျယ်လာသဖြင့် ကျောက်ဖြူ ဒေသခံများက ကျောင်းသူ ကျောင်းသားများနှင့် ဒေသအတွင်း ရိုးရာ ယဉ်ကျေးမူ ဓလေ့ထုံးစံများ ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

Most read this week