မြန်မာ-တရုတ် ဂတ်စ် ပိုက်လိုင်း ပွင့်လင်းရာသီ အတွင်း အပြီးသတ် တည်ဆောက်မည်

မြန်မာ-တရုတ် ဂတ်စ် ပိုက်လိုင်း ပွင့်လင်းရာသီ အတွင်း အပြီးသတ် တည်ဆောက်မည်
by -
စံလင်း
မြန်မာနှင့် တရုတ်အကြား ရခိုင်မှ ထွက်သော ဂတ်စ်ကို သယ်ယူရန် ယခုအခါ ဂတ်စ်ပိုက်လိုင်းအား တည်ဆောက်နေရာ အဆိုပါ ဂတ်စ်ပိုက်လိုင်းကို ၂၀၁၀ ခုနှစ် ပွင့်လင်းရာသီအတွင်း အပြီးသတ် တည်ဆောက်သွားမည်ဟု...

မြန်မာနှင့် တရုတ်အကြား ရခိုင်မှ ထွက်သော ဂတ်စ်ကို သယ်ယူရန် ယခုအခါ ဂတ်စ်ပိုက်လိုင်းအား တည်ဆောက်နေရာ အဆိုပါ ဂတ်စ်ပိုက်လိုင်းကို ၂၀၁၀ ခုနှစ် ပွင့်လင်းရာသီအတွင်း အပြီးသတ် တည်ဆောက်သွားမည်ဟု သိရသည်။

ကုုန်းတွင်း ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ မိုင်ပေါင်း ၅၀ ကျော်ခန် ့ပြီးစီးနေပြီ ဖြစ်သည်။

ရခိုင်ကမ်းလွန် ပင်လယ်ပြင်တွင် ဂတ်စ် ပိုက်လိုင်း ချရန်အတွက် ယမန်နေ့က စပြီး ဒေဝူးနှင့် မြန်မာရေနံမှ ပင်လယ်ပြင်တွင် တိုင်းတာမူများ ပြုလုပ်နေသည်။

အဆိုပါ ပိုက်လိုင်းကို ကုန်းတွင်းပိုင်းတွင် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ စတင် တည်ဆောက် မည်ဟု သိရသည်။

ပိုက်လိုင်း သွယ်တန်းခြင်းကို ရွှေသဘာ ဓါတ်ငွေ့ စီမံကိန်းတွင် အဓိက ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသော တောင်ကိုးရီးယား ဒေဝူး ကုမ္ပဏီက ဦးစီး တည်ဆောက်မည် ဖြစ်သည်။

သို့သော်လည်း တောင်ကိုးရီးယား ဟွန်ဒိုင်း ကုမ္ပဏီမှ ဘူမိဗေဒ ပညာရှင်များနှင့် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ ့ ကုမ္ပဏီတခုဖြစ်သော CNPC မှ ဘူမိဗေဒ ပညာရှင်များက အဆိုပါ ပိုက်လိုင်းကို ဦးစီး ကွပ်ကဲ တည်ဆောက်နေသည်ဟု သိရသည်။

ရခိုင်ကမ်းလွန်ပြင်ရှိ ရွှေသဘာဝ ဓာတ်ငွေ ့စီမံကိန်းမှာ လုပ်ကွက် A-1 နှင့် A-3 တွင်တည်ရှိပြီး အဆိုပါ လုပ်ကွက်ကို ဒေဝူးမှ တူးဖေါ်နေသည်။

တခြား အိန္ဒိယမှ Essar ကုမ္ပဏီက A-2နှင့် L Block ကို၎င်း၊ MPRL ကုမ္ပဏီက A-6 ကို၎င်း၊ တရုတ် ကုမ္ပဏီ CNOOC က A4 နှင့်M Block ကို၎င်း၊ အိန္ဒိယ ကုမ္ပဏီ ONGC က AD-2, AD-3 နှင့် AD-9 Block ကိုလည်းကောင်း တရုတ် ကုမ္ပဏီ CNPC က AD-8, AD-1 နှင့်AD-4 တို ့ကို စမ်းသပ် ရှာဖွေမူများ လုပ်ဆောင် လျက်ရှိသည်။

ဂတ်စ် တူးဖေါ်မူနှင့် ပိုက်လိုင်းသွယ်တန်းမှု လုပ်ငန်းကြောင့် ရေလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းသူ ရခိုင် အမျိုးသား အများအပြားမှာ အခက်ကြံုတွေ့နေကြရပြီး ပင်လယ်ပြင်တွင် ငါးဖမ်းရာ၌ ကန့်သတ်မူများ ခံနေရသည်ဟု ဒေသခံများက ပြောသည်။

Most read this week