စစ်တွေ FM ရေဒီယိုကို ဧရာဝတီတိုင်း အထိ တိုးချဲ့မည်

စစ်တွေ FM ရေဒီယိုကို ဧရာဝတီတိုင်း အထိ တိုးချဲ့မည်
စစ်တွေ FM ရေဒီယိုလိုင်းကို ဧရာဝတီတို်င်းထိ တိုးချဲ့ ထုတ်လွှင့်မည် ဖြစ်သည်ဟု ဇွန်လ ၈ ရက်နေ့ထုတ် True News ဂျာနယ်က ဖေါ်ပြသည်။ စစ်တွေမြို့မှ FM ရေဒီယိုကို ပုံမှန်အတိုင်း ထုတ်လွှင့်နေပြီး သီချင်းများကို ရခိုင်အသံဖြင့် ထုတ်လွှင့်နေသော်လည်း သတင်းများကို ဗမာ စကားဖြင့် ထုတ်လွှင့်နေ ...

စစ်တွေ FM ရေဒီယိုလိုင်းကို ဧရာဝတီတို်င်းထိ တိုးချဲ့ ထုတ်လွှင့်မည် ဖြစ်သည်ဟု ဇွန်လ ၈ ရက်နေ့ထုတ် True News ဂျာနယ်က ဖေါ်ပြသည်။

စစ်တွေမြို့မှ FM ရေဒီယိုကို ပုံမှန်အတိုင်း ထုတ်လွှင့်နေပြီး သီချင်းများကို ရခိုင်အသံဖြင့် ထုတ်လွှင့်နေသော်လည်း သတင်းများကို ဗမာ စကားဖြင့် ထုတ်လွှင့်နေသည်ဟု သိရသည်။

စစ်တွေက လူငယ် တဦးက “ကျောင်းက ပြန်လာတဲ့ အချိန် ၄ နာရီခွဲလောက်မှာဆိုရင်တော့ နားထောင် ဖြစ်ပါတယ်။ သီချင်းတွေကို ရခိုင်လို ကျေညာပြီး ရခိုင်လို လွှင့်ထုတ်တာ ဖြစ်ပါတယ်။ ဆောင်းပါးတွေကတော့ ဗမာလိုဘဲ ဖြစ်ပါတယ်။ သူတို့ကောင်းကြောင်း ဝါဒ ဖြန့်နေတာပါဘဲ။ အစိုးရပိုင် သတင်းစာတွေက က ဆောင်းပါးတွေ အယ်ဒီတာ အာဘော်တွေကိုလည်း လွှင့်ပါတယ်။ အားလုံး သူတို့ ကောင်းကြောင်း ပါဘဲ။ ” ဟု ပြောသည်။

ယခုအခါ စစ်တွေ FM ရေဒီယိုကို မောင်တောမှလည်း ဖမ်းယူရရှိပြီး ကျောက်ဖြူ၊ တောင်ကုတ်၊ မင်းပြား၊ မာန်အောင်၊ မြေပုံနှင့် အမ်းမြို့နယ်များမှလည်း ရရှိသည်ဟု သိရသည်။

စစ်တွေ FM ရေဒီယိုကို ဧရာဝတီတိုင်းထိ တိုးချဲ့ ထုတ်လွှင့်ရန် စီစဉ်ခြင်းမှာ ဧရာဝတီတိုင်းတွင် နေထိုင်သော ရခိုင်များကို ရည်ရွယ်ပြီး လွှင့်ထုတ်ရန် စီစဉ်ခြင်း ဖြစ်ပြီး အဆိုပါ FM ရေဒီယိုမှ တဆင့် ရခိုင်လူထုကို စည်းရုံးရန်အတွက် ဖြစ်သည်ဟု သိရသည်။

Most read this week