လက်နက်ကိုင် တိုင်းရင်းသားများ၏ လိုလားချက်များကို ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တစ်ခါတည်း ထည့်သွင်းပြင်ဆင်လိုဟု လွှတ်တော် ဥက္ကဋ္ဌများ တိုက်တွန်း

လက်နက်ကိုင် တိုင်းရင်းသားများ၏ လိုလားချက်များကို ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တစ်ခါတည်း ထည့်သွင်းပြင်ဆင်လိုဟု လွှတ်တော် ဥက္ကဋ္ဌများ တိုက်တွန်း
by -
မဇ္စျိမ

ငြိမ်းချမ်းရေးအတွက် လိုလားချက်များနှင့်တိုင်းရင်းသားများ၏ လိုလားချက်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးတွင် တစ်ခါတည်း ထည့်သွင်းပြင်ဆင်နိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲမှ ရလဒ်များကို  လွှတ်တော်ကစောင့်ဆိုင်းလျက်ရှိသည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖေဖော်ဝါရီ ၁၃ရက်က တိုက်တွန်းလိုက်သည်။

''လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ကြိုးပမ်းနေတာရှိပါတယ်။ ကျွန်တော့်  သဘောထားအရ အဓိက ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးအတွက်ပါ။ မည်သူတစ်ဦးတစ်ယောက်အတွက်မှ မစဉ်းစားပါဘူး''ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကပြောသည်။

meeting

ထို့ကြောင့် လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဆောင်ရွက်ထားမှုများရှိသဖြင့် အစိုးရ အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်များက နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံးဆောင်ရွက်ပြီး ငြိမ်းချမ်းရေးကိစ္စမှာ တိုင်းရင်းသားများ၏ လိုလားချက်များကို ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ထည့်သွင်းလိုသည်ဟု ဦးခင်အောင့်မြင့်ကဆိုသည်။

အချို့သောပုဒ်မများ ပြင်ဆင်ရန် ရ၅ရာခိုင်နှုန်းအပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ပြင်ဆင်ရမည် အချက်များရှိသဖြင့် ဥပဒေများလည်းပြဋ္ဌာန်းပြီးဖြစ်ရာ တိုင်းရင်းသားများ၏ လိုလားချက်များကို ပြည်လုံးကျွတ် ဆန္ဒခံယူရမည်ဆိုလျှင် တစ်ကြိမ်တစ်ခါတည်းအပြီး ဆောင်ရွက်ချင်သည့် ဆန္ဒရှိသည်ဟု ဆက်ပြောသည်။

''ပြည်လုံး ကျွတ်ဆန္ဒခံယူဖို့အတွက် ဥပဒေလည်းပြဋ္ဌာန်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ အဲ့ဒီကိစ္စတွေနဲ့အတူ ငြိမ်းချမ်းရေး ကိစ္စမှာ တိုင်းရင်းသားတွေ လိုလားချက်တွေ အမြန်ဆုံး လွှတ်တော်က အမြန်ဆုံးရယူချင်တယ်။ ရတော့မှတစ်ခါတည်း ပြည်သူ ဆန္ဒခံယူရမယ်ဆိုရင်လည်း တစ်ကြိမ်တည်း ပြတ်သွားအောင် လွှတ်တော် ကိုယ်စားလှယ်တွေ ရယူလိုချင်တယ်။ ဆန္ဒခံယူပွဲဆိုရင်လည်း တစ်ကြိမ်တည်း တစ်ခါတည်းဆောင်ရွက်အစိုးရ အဖွဲ့နဲ့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို အမြန်ဆုံး ပြီးမြောက်စေချင်ပါတယ်'' ဟု ဦးခင်အောင်မြင့်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်အခါတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ပိုမိုကောင်းမွန်မည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပိုပြီးရှင်သန်နိုင်မည် ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း တိုက်တွန်းပြောဆိုလိုက်သည်။

''၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ  ရမယ်။ ဥပဒေနဲ့ ပတ်သက်လို့ ပြင်သင့်တဲ့နေရာပြင်ရမယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော် လွှတ်တော်ထဲမှာလည်း ပြောပါတယ်။ တချို့နေရာမှာလည်းပြောပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အမျိုးသားပြန် လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးအတွက်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းလဲရေးဟာ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေတယ်''ဟု သူရဦးရွှေမန်းက ဆက်ပြောသည်။

ထို့ပြင် ယခုပြုလုပ်လျက်ရှိသည့် ပထမ အကြိမ်ပြည်ထောင်စု လွှတ်တော်(၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်နိုင်မှသာလျှင် ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ညီညွတ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အဆင်ပြေ မည်ဟု ဆိုသည်။

Most read this week