လေးပွင့်ဆိုင် တွေ့ဆုံမ ှုရွှေ့ဆိုင်းလိုက်၍ ထားဝယ် သပိတ်စစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်စမည်

လေးပွင့်ဆိုင် တွေ့ဆုံမ ှုရွှေ့ဆိုင်းလိုက်၍ ထားဝယ် သပိတ်စစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်စမည်
by -
မဇ္စျိမ

 လေးပွင့်ဆိုင် တွေ့ဆုံပွဲကို သမ္မတက ဖေဖေါ်ဝါရီ ၁၂ရက် နောက်ပိုင်းကို ရွှေ့ဆိုင်း သည့်အတွက် ထားဝယ် ကျောင်းသားသပိတ် စစ်ကြောင်းသည် ဖေဖေါ်ဝါရီ ၄ ရက်တွင် ပြန်လည်စတင်မည်ဟု ထားဝယ် နည်းပညာ တက္ကသိုလ်မှ သပိတ်ခေါင်းဆောင် ကိုမင်းလွင်က မဇ္ဈိမကို ပြောသည်။

"သပိတ်ကို မနက်ဖြန်(ဖေဖော်ဝါရီ ၄ရက်) ပြန်စမယ်။ ခုကျောင်းသားအင်အားတွေ စုနေပါတယ်။ အစိုးရဘက်က ကျွန်တော်တို့ကို ဒီနေ့တွေ့ဆုံပွဲခေါ်ပြီး ပျက်ကွက်တဲ့အတွက် မနက်ဖြန် သပိတ်အတွက် အစီအစဉ် လုပ်နေပါတယ်'' ဟု ၎င်းက ပြောသည်။

4-Star-Meet-For-ESU-Law

ပြည်ထောင်စုနေ့ အစည်းအဝေးပွဲများနှင့် အခြားဆွေးနွေးပွဲများ ရှိနေ၍ဟု အကြောင်းပြကာ ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှသာ ပြန်လည်တွေ့ဆုံရန် သမ္မတ ဦးသိန်းစိန်က သဘောထားမှတ်ချက် ပေး လိုက်ပြီး ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ကျောင်းသားသပိတ်ကို ဖေဖေါ်ဝါရီ ၄ ရက်တွင် ထားဝယ်မြို့တွင်း လှည့်လည်ကာ မူလအစီအစဉ်အတိုင်း ရန်ကုန်သို့ ဆက်လက် ချီတက်မည်ဟု ကိုမင်းလွင်က ပြောသည်။

လေးပွင့်ဆိုင် တွေ့ဆုံပွဲ တက်ရောက်လာသည့် ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ ကိုယ်စားလှယ်များနှင့် ကျောင်းသားကိုယ်စားလှယ်များ စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုရန် ကြိုတင် စာရင်းပေးထားသော်လည်း တည်းခိုခွင့် ပိတ်လိုက်သည့် အခက်အခဲများလည်း ကြံုနေရသည်ဟု ကျောင်းသားများက ပြောသည်။

အမျိုးသား ပညာရေး ဥပဒေအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ စိန်ရတုခန်းမတွင် ဖေဖော်ဝါရီလ ၁ ရက် နေ့က တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

Most read this week