ဝန်ထမ်းများ လစာတိုးရန် ကျပ် ဘီလီယံ ၂‚၉၀၀ ကျော် လျာထား

ဝန်ထမ်းများ လစာတိုးရန် ကျပ် ဘီလီယံ ၂‚၉၀၀ ကျော် လျာထား
by -
မဇ္စျိမ

 ၂ဝ၁၅-၁၆ ဧပြီလမှ စ၍ ဝန်ထမ်းများကို သင့်တင့်မျှတသော လစာများ တိုးပေးနိုင်ရေးအတွက် ပြည်ထောင်စု ဘဏ္ဍာငွေ ကျပ် ၂,၉ဝ၁ ဒသမ ရ၆၃ ဘီလီယံ လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

''လစာတိုးမြှင့်မှုနှင့်အတူ ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းအဖြေရှာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်'' ဟုလည်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို ့ပြောခဲ့သည်။

ထို့အပြင် ဝန်ထမ်းများ အခမဲ့ ဆေးကုသစရိတ်အဖြစ် ကျပ် ၃၇ ဒသမ ၄၉၂ ဘီလီယံ ကို ကျန်းမာရေး ဝန်ကြီးဌာန ၏ အသုံးစရိတ်တွင် ထည့်သွင်းပေးထားကြောင်းလည်း ဝန်ကြီးက ပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ လစာ တိုးမြှင့်ပေးနိုင်ရန် အနေ အထား အမျိုးမျိုးဖြင့် တွက်ချက်ခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက တင်ပြလာသော ရငွေ သုံးငွေ အခြေအနေများ၊ စီမံကိန်းများ အောင်မြင်စေရန် ဦးစားပေးရမည့် အသုံးစရိတ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ သို့ ပြည်ထောင်စုက ဖြည့်ဆည်း ထောက်ပံ့ရမည့် အသုံးစရိတ်များကိုပါ ထည့်သွင်း တွက် ချက်၍ သင့်တင့်မျှတသော လစာ တိုးမြှင့်မှုကို လျာထားခြင်း ဖြစ်ကြောင်းလည်း ဝန်ကြီးက ရှင်းပြသည်။

ဝန်ထမ်းလစာ တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၄ ရက် မြောက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော် က အတည်ပြုခဲ့သည်။

Most read this week