လပွတ္တာရှိ နာဂစ် ဒုက္ခသည်များအတွက် မြေနေရာ ချထားပေးမှုအဆို ဆောင်ရွက်ပေးခြင်း မရှိ

လပွတ္တာရှိ နာဂစ် ဒုက္ခသည်များအတွက် မြေနေရာ ချထားပေးမှုအဆို ဆောင်ရွက်ပေးခြင်း မရှိ
by -
မဇ္စျိမ

 လပွတ္တာမြို ့နယ်၊ နာဂစ်ဒုက္ခသည်များ မြေနေရာ ချထားပေးမှုအား အဆိုတင်သွင်းခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

“မေးခွန်မေးခဲ့တုန်းက မြို့သစ်မှာ ပေးမယ်ဆိုပြီးပြောခဲ့တယ်။ ဝန်ကြီးချုပ်က ပေးမယ်လို့ ကတိပေးပြီး လျှောက်လွှာတင်လိုက်ပါ။ လွှတ်တော်မှာ ဖြေဆိုခဲ့တယ်၊ မြေကွက်ပေးတာ ခရိုင်အုပ်ချုပ်ရေးမှူး က မြေပေးမိန့်နဲ့ ပေးလို့ရတယ်တဲ့။ လျှောက်လွှာတင်လိုက်တော့ ဘာမှဆက်မလုပ်ဘူး။ ဆဋ္ဌမ ပုံမှန်အစည်းအဝေးမှာ တောင်းခဲ့တယ်။ မလုပ်လို့ အထူးအစည်းအဝေးမှာ မေးခွန်ပြန်မေးခဲ့တယ်”ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

နာဂစ်ဒုက္ခသည်များအတွက် မြေနေရာချထားပေးမည်ဟု ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လွှတ်တော်တွင် တရားဝင် ဖြေဆိုထားသော်လည်း ယခုအချိန်အထိ ညှိနှိုင်းဆောင်ရွက်မှု မရှိသဖြင့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး တင်ပြချက်အား အလေးမထားသည့် ပုံစံဖြစ်သည်ဟု ၎င်းက ဝေဖန်သည်။

“ကျွန်မတို ့ အရင်မြို့သစ်မှာ နေထိုင်ဖို ့လျှောက်လွှာတင်ထားတယ်။ ကျွန်မတို ့ကိုယ်ပိုင်မြေနဲ ့နေချင်ပြီ။ အခုဆို ကျွန်မတို့ရွာမှလည်း နာဂစ်တွေ ရေဒုက္ခသည်တွေဆိုပြီး ခွဲခြား ဆက်ဆံခံရတယ်" ဟု ပိန္နဲတောင်ကျေး ရွာ နေထိုင်သည် ဒေါ်မှေးက ပြောသည်။

လပွတ္တာမြို့နယ်တွင် နာဂစ်မုန်တိုင်းဒဏ်ခံရသူများ မြေအမြန်ရရှိရေးအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းမှ ဆဋ္ဌမပုံမှန် အစည်းအဝေး သတ္တမနေ့တွင် မေးမြန်းခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရမှ မြေကွက်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ပြန်လည်ဖြေဆိုထားသော်လည်း ထူးခြားမှုမရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီး အထူးအစည်းအဝေး ၁/၂၀၁၄ တွင် မေးခွန်းထပ်မံ မေးမြန်း ခဲ့ခြင်းဖြစ်သည်။ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးခွန်း ထပ်မံ မေးမြန်းမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။