တရားမဝင်သစ်များ သစ်တောထွက်ပစ္စည်း တာဆီးကာကွယ်နိုင်ရေးအတွက် တရုတ်နိုင်ငံ သစ်တောဝန်ကြီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန နေပြည်တော်တွင် တရားဝင် ညှိနှိုင်းဆောင်ရွက်သွား မည်ဟု ညွှန်ကြားရေးမှူး ဦးပြည်စုံမျိုးက ပြောသည်။
နယ်စပ်ဖြတ်ကျော်နေတဲ့ ကိစ္စတွေဆွေးနွေးမယ်။ အခု တရားမဝင် သစ်ဖမ်းဆီးရမိတဲ့ သူတွေပေါ်မူတည်ပြီးတော့လည်း ဆွေးနွေးဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။
လတ်တလောတွင် မြန်မာနိုင်ငံမှ တရားမဝင်သစ်များ သစ်တောထွက် ပစ္စည်းများ တရုတ်နိုင်ငံသို့ တရားမ ဝင်ထွက်လျက်ရှိသည်။ တရုတ်နိုင်ငံက တရားမဝင်သစ်များကို ဝယ်လိုအားမြင့်တက်လာသည်နှင့် အမျှ စျေးနှုန်းမှာ မြင့်တက်ဝယ်ယူမှုများရှိသည်ဟု သိရသည်။
ဇန်နဝါရီလ ၁၄ ရက် နေပြည်တော်၊ အမရာ ဟိုတယ်တွင် နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးမည်ဖြစ်ပြီး တရုတ်သံအမတ်ကြီး အပါအဝင် တရုတ် သစ်တောဝန်ကြီးဌာနမှ အရာရှိများနှင့် သစ်တော ဦးစီးဌာနညွှန်ကြား ရေးမှူးချုပ်အဖွဲ့များက ဆွေးနွေးမည် ဖြစ်သည်။
မြန်မာနိုင်ငံ တရားမဝင်သစ်ခိုးထုတ်မှုများတွင် တရုတ်နိုင်ငံသားများ ပါဝင်လျက်ရှိပြီး အစိုးရသစ် လက်ထက်တွင် သုံးရာဝန်းကျင်အထိ ဖမ်းဆီးရရှိထားသည်။ အဆိုပါ တရုတ်နိုင်ငံသားများကို နှစ်နိုင်ငံ သံတမန်နည်း ဖြင့် အရေးယူဆောင်ရွက်သလို သစ်တောဥပဒေနှင့် လဝက ဥပဒေများအရ အရေးယူဆောင်ရွက်လျက် ရှိသည်။