ရန်ကုန် မြို့တော်ခန်းမရှေ့တွင် တားသပိတ်ဖြင့် မိကျောင်းကန် သပိတ်ဆန္ဒပြသူများက ညှိနှိုင်းဆောင်ရွက်ပေး ရန်နှင့် ညှိနှိုင်းမှု မပြုလုပ်လျှင် လာရောက်ဖမ်းဆီးရန် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စု လွှတ် တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကို ပြည်သူများ နစ်နာမှု မရှိစေရေး လေ့လာစုံစမ်း ရေး ကော်မရှင်အပါအဝင် အဖွဲ့အစည်းကိုးခုသို့ ဒီဇင်ဘာ ၁၈ ရက်တွင် စာပေးပို့သွားမည် ဖြစ်ကြောင်း မိကျောင်းကန် သပိတ်စခန်းမှ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေး ဦးစီးချုပ်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေ များသိမ်း ဆည်းခံရမှုကို ပြည်သူများ နစ်နာမှု မရှိစေရေး လေ့လာ စုံစမ်းရေး ကော်မရှင်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန် တိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မတီတို့ထံ စာပေးပို့သွားမည် ဖြစ်သည်။
ဦးမောင်မောင်က “ဖြေရှင်းပေးမလား၊ မဖြေရှင်းဘူးဆိုရင် မိသားစုတွေကို ထောင်ထဲတစ်ခါတည်း ထည့် ပါ” ဟု ပြောသည်။
ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံနှင့် ရန်ကုန်တရားလွှတ်တော်ရုံးရှေ့ က မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူ အချို့သည် မိကျောင်းကန်မြေ သိမ်းခံရသည့်အရေး ညှိနှိုင်းဆောင်ရွက်ပေးရန် ဒီဇင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့ တော်ခန်းမရှေ့တွင် တားသပိတ်အဖြစ် အရှိန်မြှင့် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၆ရက်က မြို့တော်ခန်းမ ၀င်ပေါက်ကို ပိတ်ကာ သပိတ်စခန်းဖွင့်ထားသည့် မိကျောင်းကန် ဆန္ဒပြသူများကို အရေးယူမည်ဟု ရန်ကုန်တိုင်း လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့သည်။
မိကျောင်းကန်အရေးကို ဆောင်ရွက်ပေးခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “လာမယ့် လွှတ်တော်မှာ ပြည်ထောင်စု လွှတ်တော် နာယကကို မိကျောင်းကန်ကိစ္စ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တင်ပြသွားမယ်။ မိကျောင်းကန် ပြည်သူတွေ လုပ်တာကိုင်တာနဲ့ ပတ်သက် ပြီး ဥပဒေ ချိုးဖောက်တာ မဖြစ်စေချင်ဘူး” ဟုပြောသည်။
အဆိုပါ မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်နေသူများက မိမိတို့ သိမ်းဆည်းခံရသည့် မြေကို လည်းကောင်း၊ အလားတူ ကာလတန်ဖိုးရှိသည့် နစ်နာကြေးကိုလည်းကောင်း၊ အစားထိုးမြေကို လည်းကောင်း ပြန်လည်ရရှိရေးအတွက် ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်း ၀န်ကြီးချုပ် အပါအဝင် လွှတ်တော်နှင့် သက် ဆိုင်ရာ အစိုးရအဖွဲ့များနှင့် လွှတ်တော်ကိုယ်စားလှယ်များသို့ စာပေးပို့ တောင်းဆိုခဲ့ပြီး ခုနစ်ရက်အတွင်း ထိရောက်သည့် ညှိနှိုင်းခြင်းမပြုပါက သပိတ်အရှိန်မြှင့်မည်ဟု ဆိုထားသည်။ ထို့ကြောင့် ခုနစ်ရက် ပြည့် သည့်နေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ဆူးလေစေတီတော်ကို တစ်ပတ်ပူဇော်ပြီး ဆုတောင်းခဲ့သည်။ အရှိန်မြှင့် ဆန္ဒဖော် ထုတ်သောအားဖြင့် ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့ (ထွက်ပေါက်)ရှေ့တွင်တား သပိတ်အဖြစ် အရှိန်မြှင့် ဆန္ဒဖော်ထုတ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်း သုံးကြိမ် ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် သပိတ်စခန်းကို ၂၀၁၃ ခုနှစ် အောက်တို ဘာ ၂ ရက်က ၅ ရက်တိုင် ဖွင့်လှစ်ခဲ့သည်။
ဒုတိယအကြိမ် သပိတ်စခန်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က စတင် ဖွင့် လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် တွင် ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းသပိတ်စခန်း ပိတ်သိမ်းပြီး သုံးလအကြာ ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်က မဟာဗန္ဓုလပန်းခြံ အနီးရှိ ရန်ကုန်တရား လွှတ်တော်ရုံးရှေ့တွင် သပိတ်စခန်း ပြန်လည်ဖွင့် လှစ်ခဲ့ ခြင်း ဖြစ်သည်။