စစ်ဘေးဒုက္ခသည်များ မဲပေးရန် ဒေသတည်ငြိမ်ရေး ကော်မရှင် တာဝန်မယူနိုင်

စစ်ဘေးဒုက္ခသည်များ မဲပေးရန် ဒေသတည်ငြိမ်ရေး ကော်မရှင် တာဝန်မယူနိုင်
by -
မဇ္စျိမ

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်မှုများဖြစ်နေသော ဒေသများရှိ စစ်ရှောင်ပြည်သူများ မဲထည့် နိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များက ဒေသတည်ငြိမ်အောင် ဖြေရှင်းရ မည်ဖြစ်ပြီး ကော်မရှင်က ဆောင်ရွက်ပေးနိုင်မည် မဟုတ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က မဇ္ဈိမ ကို ပြောသည်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်နှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံပွဲအပြီးတွင် ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အုပ်ချုပ်တဲ့သူတွေအပေါ်မှာ မူတည်တယ်။ သူတို့က ငြိမ်းချမ်းပြီဆိုရင် ကော်မရှင်က သွားပြီး မဲစာရင်းပြုစု ပေးမယ်။ မငြိမ်းချမ်းရင် ရွေးကောက်ပွဲ မလုပ်ပေးဘူး။ ၂၀၁၀ တုန်းကဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် မလုံခြံုလို့ သွားခွင့်မရတဲ့ ဒေသတွေရှိတယ်” ဟု ဦးဝင်းကြည်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို နိုဝင်ဘာအတွင်းက စတင်ပြုလုပ်နေပြီး ပဋိပက္ခဖြစ်ပွား ရာဒေသများ ပါဝင်ခြင်းမရှိဟု ဆိုသည်။

ကချင်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးဇုန်းဆောင်က “ဒုက္ခသည်တွေ စခန်းတွေကို ရောက်နေ တယ်။ ရွှေ့ပြောင်း ရွာတွေကို ရောက်နေတယ်။ သူတို့ မှာ အိမ်ထောင်စုစာရင်းတွေ ဘာတွေ ပါမလာ ဘူး။ ဒါကို ဘယ်လိုလုပ်မလဲ တစ်ခုခု စီစဉ်ပေးဖို့ လိုတယ်” ဟု ဆိုသည်။

မဲစာရင်းပြုစုခြင်းလုပ်ငန်းကို အဆင့်သုံးဆင့်ဖြင့် ပြည်နယ်တိုင်းဒေသကြီး အသီးသီးကို ခွဲဝေပြုစုခြင်းဖြစ်၍ အဆင့်သုံးတွင် ကချင်နှင့် ချင်းပြည်နယ်တို့ ပါ၀င်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ကို နောက်ဆုံးအဆင့် အဖြစ် မေလအတွင်းတွင် ပြုလုပ်မည်ဟု ဦးဝင်းကြည်က ဆိုသည်။

ဖလုံဇဝေါ် ဒီမိုကရက်တစ်ပါတီမှဦးမန်းအောင်ပြည်စိုးက “စစ်ဘေးသင့် သူတွေလည်း နိုင်ငံသားပဲ။ ၂၀၁၅ မှာ ပါ၀င်သင့်တဲ့ သူတွေပဲ။ မြို့ပေါ်ဒေသတွေကိုချည်း အလေးပေးလို့မရပါဘူး” ဟု ဆိုသည်။

ပြည်တွင်းစစ်ပွဲများကြောင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရှောင် ဒုက္ခသည် နှစ်သိန်းကျော် သည် ဒုက္ခသည် စခန်းများနှင့် စစ်ရှောင်စခန်းများတွင် မှီခိုနေရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲအတွက် မဲစာရင်းပြုစုခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် ဇူလိုင်အပြီး ဆောင်ရွက်ရန် ရည်မှန်းချက် ထားရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

Most read this week