ယူနတီဂျာနယ်အမှု အထူးအယူခံ လျှောက်ထားမည်

ယူနတီဂျာနယ်အမှု အထူးအယူခံ လျှောက်ထားမည်
by -
မဇ္စျိမ

 ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ်အမှုကို တရားခံများဘက်မှ ဥပဒေကြောင်း အရ နောက်ဆုံး အဆင့်ဖြစ်သည့် အထူး အယူခံဝင်ခွင့်ရရှိရန် ဒီဇင်ဘာလ တတိယပတ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ လျှောက်ထားမည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်နေ သည့် အကျိုးတော်ဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္စျိမကို ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ထံသို့ တင်ပြခဲ့သည့် အယူခံအား လက်ခံရေးလျှောက် လဲချက်ကြားနာမှုအပြီး နိုဝင်ဘာ ၂၆ ရက်ကအမှုကိုပယ်ချခဲ့သည့် အတွက် ပြစ်မှုဆိုင်ရာ အထူးအယူခံ ဝင်ခွင့်ရရှိရန် ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်လွာ (အထူး) ဆက်လက် တင်ပြသွား မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဦးရောဘတ်စန်းအောင်က “ဒီဇင်ဘာလ တတိယပတ်မှာ နေပြည်တော်ကို အထူးအယူခံ ဝင်ခွင့်ပြုပါလို့ ဆက်လက်လျှောက်ထားပါမယ်”ဟု ပြောသည်။

အထူးအယူခံလျှောက်လွှာ တင်ပြီးပါက အမှုလက်ခံရေး လျှောက်လဲချက်ပေးရမည်ဖြစ်ပြီး လျှောက် လွှာတင်သည့်ရက်နှင့် အမှုလက်ခံရေး လျှောက်ချက် ပေးရ မည့်ရက်သည် ပုံမှန်အားဖြင့် ၄၅ ရက်ကွာ သည်ဟုလည်း ၎င်းကဆိုသည်။

ကိုလူမော်နိုင်၏ အမျိုးသမီးဖြစ်သူ မလွင်လွင်မြင့်က “အမတို့ကတော့ လွတ်စေချင်တာပေါ့လေ။ အဆင့်ဆင့် အကုန်လုံး လိုက်လုပ် ထားပြီးသွားပြီ။တရား စီရင်   ရေးက ဘယ်လိုဆုံး ဖြတ်မလဲ စောင့်နေတယ်။ ဘယ်လိုသက် ညှာမှုရမလဲ တင်ကြည့် တာပေါ့။ တစ်ခုခုပြောင်း လဲလိမ့်မယ် လို့တော့မျှော် လင့်တယ်” ဟုပြော သည်။

ဇန်နဝါရီလ ၂၅ ရက်ထုတ် ယူနတီအပတ်စဉ်ဂျာနယ်တွင် ပေါက်မြို့နယ်ရှိ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ ကို လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟု ဖော်ပြခဲ့သဖြင့် ၁၉၂၃ ခုနှစ် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေ ပုဒ်မ-၃(၁)(က)/၉ ဖြင့် ဇူလိုင်လ ၁ဝ ရက်တွင် အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၁ဝနှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယင်းနောက် မကွေးတိုင်းတရားလွှတ်တော်တွင် အယူခံဝင်ခဲ့ရာ အောက်တိုဘာ ၂ ရက်တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အရ ယူနတီဂျာနယ် အမှုဆောင် အရာ ရှိချုပ် ဦးတင်ဆန်း၊ သတင်းထောက် ကိုစည်သူစိုး၊ ကိုလူမော်နိုင်၊ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်တို့သည် ထောင်ဒဏ်ခုနစ်နှစ်စီ ကျခံခဲ့ခြင်း ဖြစ်သည်။

Most read this week