ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာလုပ်သားများ စာရင်း မြန်မာအစိုးရ ကောက်ယူမည်

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာလုပ်သားများ စာရင်း မြန်မာအစိုးရ ကောက်ယူမည်
by -
မဇ္စျိမ

 ထိုင်းနိုင်ငံရှိ ခရိုင် ရ၇ ခုတွင် တရားမဝင် မြန်မာအလုပ်သမားများ နိုင်ငံသားအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက သွားရောက်ကာ စာရင်းကောက်ခံသွား မည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဂရင်းအမရ ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ပြောသည်။

စာရင်းကောက်ယူမည့်အဖွဲ့ တစ်ဖွဲ့လျှင် ငါးဦးနှုန်းဖြင့် ဖွဲ့စည်းဆောင်ရွက်ထားပြီး စုစုပေါင်းအဖွဲ့ ၁၆ ဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ကိုလည်း ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူညီမှု ရရှိသည်ဟု ဆိုသည်။

“အဓိကအဖွဲ့ကြီး ငါးဖွဲ့ အထိုင်လုုပ်မယ်။ အဲဒီအဖွဲ့အောက်မှာ အဖွဲ့သေး ၁၁ ဖွဲ့က နယ်တွေလှည့်ပြီး ကောက်ခံ မယ်။ မတ်လအတွင်း အပြီးဆောင်ရွက်နိုင်အောင် လုပ်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ထိုင်းနိုင်ငံရှိ တရားမဝင်မြန်မာ အလုပ်သမားများကို ယာယီနေထိုင် အလုပ်လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးနိုင်ရန် ထိုင်းအစိုးရက တရားဝင် ဖိတ်ခေါ်ရာတွင် ၆၄၀,၀၀၀ ခန့် လျှောက်ထားခဲ့သည့်အတွက် လက်မှတ်ထုတ်ပေးထားပြီး ဖြစ်သည်။

အဆိုပါယာယီနေထိုင် အလုပ်လုပ်ပိုင်ခွင့်လက်မှတ်သည် ထိုင်းနိုင်ငံအနှံ့ သွားရောက်နိုင်ပြီး အောက်ခြေ ထိုင်းအစိုးရက ဖမ်းဆီးမှုများ ရှိလျှင် မြန်မာအလုပ်သမားများသည် ထိုင်းဖုန်း ၁၁၇၈ ကို ဆက်သွယ် တိုင် ကြားနိုင်ရန် မြန်မာအသံဖြင့် ပြုလုပ်ပေးထားသည်ဟုဆိုသည်။

အဆိုပါ ခြောက်သိန်းကျော်ကို နိုင်ငံကူးလက်မှတ် ပတ်စ်ပို့၊ အလုပ်လုပ်ပိုင်ခွင့် ပါမစ်၊ ဗီဇာများကို ထုတ်ပေးရန် ထိုင်းနိုင်ငံနှင့် မြန်မာ ပူးပေါင်းပြီး တရားဝင်ဆောင် ရွက်ပေးမည်ဖြစ်သည်။

ထိုင်းနိုင်ငံကလည်း တရားမဝင် မြန်မာအလုပ်သမားများကို ၂၀၁၅ ခု၊ မတ် ၃၁ ရက် တွင် စတင်ဖမ်းဆီး မှုများ ပြုလုပ်သွားမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

တရားမဝင်မြန်မာအလုပ်သမားများကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးရာတွင် အလွယ်တကူ မဆောင်ရွက်ဘဲ သက်ဆိုင်ရာ မြန်မာနိုင်ငံ အဖွဲ့အစည်းများသို့ ဆက်သွယ်ပြီး အဆင့်ဆင့်လွှဲပြောင်းပေးရန်လည်း ညှိနှိုင်းအောင်မြင်ခဲ့သည်ဟု ညွှန်ကြားရေးမှူးချုပ်ကဆိုသည်။

လတ်တလောတွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမား တစ်သန်းကျော် ရှိသည်ဟု ခန့်မှန်းထားသည်။

Most read this week