လိပ်ကျွန်း လူသတ်မှုကို မြန်မာနှစ်ဦး ကျူးလွန်ခြင်း မရှိကြောင်း ခိုင်မာသည့် သက်သေ များရှိ ဟုဆို

လိပ်ကျွန်း လူသတ်မှုကို မြန်မာနှစ်ဦး ကျူးလွန်ခြင်း မရှိကြောင်း ခိုင်မာသည့် သက်သေ များရှိ ဟုဆို
by -
မဇ္စျိမ

ဗြိတိန် နိုင်ငံသားနှစ်ဦး အသတ်ခံရသည့် အမှုတွင် စွပ်စွဲခံ မြန်မာနှစ်ဦးက ကျူးလွန်မှု မရှိကြောင်း ခိုင်မာသည့်  သက်သေ အထောက်အထားများကို မြန်မာသံရုံး အထူးအဖွဲ့က ရရှိထားသည်ဟု သံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဇင်ဘာလ ရရက်တွင် မဇ္စျိမကို ပြောသည်။

အသတ်ခံခဲ့ရသူနှစ်ဦးနှင့် ပတ်သက်ပြီး ဗြိတိန်ရဲများ၏ စုံစမ်းတွေ့ရှိခဲ့မှုများအပေါ် မြန်မာဖက်မှ တုံ့ပြန်ရန် ခက်ခဲနိုင်သည်ဟု အသတ်ခံခဲ့ရသူ ဒေးဗစ်နှင့်အန်နာ တို့၏ မိဘများက ထုတ်ပြန်ခဲ့သည့် အပေါ် မြန်မာအဖွဲ့က ယင်းကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

000 Hkg10102199

ဦးအောင် မျိုးသန့်က "အင်္ဂလန် ဘက်က ပြောတဲ့အပေါ် မဝေဖန် ပါဘူး၊ အင်္ဂလန် ရဲကလည်း နစ်နာသူ မိသားစု ဝန်ထုပ် ဝန်ပိုး ဖြစ်အောင် မလုပ် ဘူးလို့ ထင်ပါ တယ်။ ဒါပေမယ့် အင်္ဂလန် စုံထောက် အဖွဲ့က ထိုင်းရဲနဲ့တော့ ပူးပေါင်း ပေမယ့် မြန်မာဖက်က ဘယ်သူမှ ပါဝင်ခွင့်မရခဲ့ဘူး"ဟု ဆိုသည်။

တရားခံဟု စွပ်စွဲ ခံထား ရသူများ အတွက် ခိုင်မာသည့် သက်သေ အထောက် အထား များအဖြစ် အတူနေ မြန်မာရွေ့ပြောင်း လုပ်သား ရဦးဆီမှ ရယူထား ပြီဟု လည်း ဦးအောင်မျိုးသန့်က ပြောသည်။

၎င်းက "မြန်မာဖက်ကို ပြန်သွားတဲ့ ရဦးဆီက ထွက်ဆို ချက်တွေကို ရထားပါတယ်။ ဒီအချက် တွေက အပြင်ကို ထုတ်ပြောလို့ မရသေး ပေမယ့် ဇော် နဲ့ လင်းတို့ မကျူးလွန် ထားဘူး ဆိုတဲ့ အချက်တွေပါ"ဟု ဆိုသည်။

လူသတ်မှုအတွက် စွပ်စွဲခံရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အပေါ် ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားသည့် လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှု၊ ခိုးမှု၊ ထိန်ချန် မှု၊ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု၊ ဆက်လက် နေထိုင်မှုတို့မှ လူသတ်မှု၊ လူသတ်ရန် ပူးပေါင်းကြံစည်မှု နှင့် ခိုးယူမှုတို့ဖြင့်သာ စွဲချက်တင်ရန် ထိုင်းအစိုးရ ဥပဒေအရာရှိ က ဒီဇင်ဘာလ ၄ရက်တွင် တရားရုံးသို့ အကြံပြုထားသည်။

အမှုတွဲများ ကွဲလွဲမှုနှင့် ပက်သက်ပြီး ဒီဇင်ဘာ ၈ရက်တွင် ကော့စမွေ တရား တရားရုံးက စစ်ဆေးဆုံး ဖြတ် မည် ဖြစ်ပြီး ဆုံးဖြတ် ပြီးမှသာ အမှုတွဲ ကို မြန်မာနိုင် ငံဖက်က ကူးယူရ ရှိနိုင်မည်ဟု ဦးအောင်မျိုးသန့် က ပြောသည်။

ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ကို ဖမ်းဆီးစစ်ဆေးရာတွင်လည်း ညှင်းပမ်းနှိပ်စက်ခဲ့သည့် ထိုင်းရဲ၊ ဘာသာပြန်များကို ထိုင်းအစိုးရက အရေးယူခြင်း မရှိသေးေ ပ။

အဆိုပါ အမှုကို အောက်တိုဘာ ၈ ရက်တွင် စတင် တရားစွဲဆိုစဉ်က ပြည့်စုံမှု မရှိဟု ဆိုကာ ပယ်ချထားခဲ့ပြီး ဒီဇင်ဘာ ၄ ရက်တွင်မှ ကော့စမွီခရိုင် တရားရုံးက အမှု စွဲဆိုချက် စစ်ဆေးရန် လက်ခံလိုက်သည်။

ယင်းအမှု၏ တရားစီရင်ရေးတွင် တရားမျှတမှု ရှိစေရန် တာဝန်ယူသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E. Ambassador Pisanu Suvanajata က ဒီဇင်ဘာလ ၅ ရက်က မဇ္စျိမကို ပြောထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် ဇော်လင်းနှင့် ၀င်းဇော်ထွန်း တို့ကို ဗြိတိန်စုံတွဲသတ်သည့် တရားခံများဖြစ်သည်ဟု ဆိုကာ အောက်တိုဘာ ၁ရက်တွင် ဖမ်းဆီးကာ အောက် တိုဘာ ၂ရက်တွင် တရားခံများဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

Most read this week