ပုဇွန်တောင်နှင့် အလုံထော်လီကွေ့ကြား RBE လူစီးရထား စတင်ပြေးဆွဲ

ပုဇွန်တောင်နှင့် အလုံထော်လီကွေ့ကြား RBE လူစီးရထား စတင်ပြေးဆွဲ
by -
မဇ္စျိမ

အလုံမြို့နယ် ထော်လီကွေ့ရပ်စခန်းမှ ပုဇွန်တောင်ဘူတာအထိ ကမ်းနားလမ်းပိုင်းမှနေ၍ RBE လူစီးရထားများကို ဒီဇင်ဘာလ ရ ရက်က စတင်ပြီး ပြေးဆွဲပေးပြီ ဖြစ်သည်။

အဆိုပါ RBE ရထားဖြင့် ကမ်းနားလမ်း(က) ရထားလမ်းပိုင်းကို ပုဇွန်တောင်-ပန်းဆိုးတန်း-ပုဇွန်တောင်သို့ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ကမ်းနားလမ်း(ခ) ရထားလမ်းပိုင်းကို ပန်းဆိုးတန်း-ထော်လီကွေ့-ပန်းဆိုးတန်းဟူ၍ နှစ်ပိုင်းခွဲကာ ပြေးဆွဲပေးသွားမည်ဖြစ်သည်။

RBE

ခရီးစဉ်တွင် ပုဇွန်တောင်-ပန်းဆိုးတန်းကျပ်-၁၀၀ ၊ ပန်းဆိုးတန်း-ထော်လီကွေ့ကျပ်၁၀၀ အဖြစ် သတ်မှတ်ထားပြီး RBE လူစီးတွဲ  နှစ်တွဲဖြင့် ပြေးဆွဲမည်ဖြစ် သည်။

လူစီးတွဲ တစ်တွဲလျှင် ထိုင်စီးခရီးသည် ၆၀ ဦးနှင့်ရပ်စီးခရီးသည် ၆၀ ဦးလို်က်ပါ စီးနင်းနိုင်ပြီးနံနက်၆ နာရီမှ ညနေ၅နာရီ အထိ ပြေးဆွဲပေး သွားမည်ဖြစ်သည်။

အဆိုပါ ရထားပြေးဆွဲမည့် ကမ်းနားလမ်းပေါ်တွင် ကုန်တင်မော်တော်ယာဉ်များကလည်း ပြေးဆွဲသည်ဖြစ်ရာ ရထားနှင့် ကားလမ်းအတွက် မျဉ်းဝါခွဲ ခြားသတ် မှတ်ပေးထားပြီး သတ်မှတ်ဘောင်တွင်း ပြေးဆွဲရန် ကုန်တင် မော်တော်ယာဉ် များကို ညွှန်ကြား ထားပြီးဖြစ် သည်ဟုလည်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန က ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက RBE လူစီးရထားများ စတင် ပြေးဆွဲခြင်း အခမ်းအနား တွင် ပြောသည်။

လက်ရှိပြေးဆွဲမှု အပြင် ထော်လီကွေ့နေရာရှိ မူလရထားလမ်းဟောင်းကို  ပြုပြင်ပြီး ကြည်မြင်တိုင် -ပုဇွန်တောင် ၆မိုင်အထိ တိုးချဲ့ပြေးဆွဲရန် ရှိပြီး လျှပ်စစ်မြို့ ပတ်ရထားပြေးဆွဲဲရန် အကောင်အထည်ဖော် သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။

ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက "အခုဒီ နေရာမှာ ဘာတံတား တွေမှမရှိဘူး၊ လျှပ်စစ် ရထား ပြေးဆွဲလို့ရ တယ်။ လျှပ်စစ် စက်ခေါင်းက ပြည်ပကဝယ်ရမှာ၊ လျှပ်စစ် စက်ခေါင်းဝယ်ပြီးရင် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့နဲဲ့ဆွေးနွေးပြီး  မြို့ပတ်လျှပ် စစ်ရထား ပြေးဆွဲတာ တွေလုပ်ဖို့ရှိတယ် "ဟုပြော သည်။

ဒီဇင်ဘာ ရ ရက်က စတင် ပြေးဆွဲသည့် RBE ရထားသို့ လာရောက် စီးသူ ပန်းဆိုးတန်း ကမ်းနားလမ်းမှ ကုန်ထမ်း အလုပ်သမား တစ်ဦးက “မီးရထားပြန်ပြေး   ပေး မယ်ဆိုတော့ ကားခထက်တော့ သက်သာတာပေါ့။ ညနေငါးနာရီ အထိပဲ မီးရထားက နောက်ဆုံးပြေး ပေးမှာတော့ ရုံးဝန်ထမ်း တွေလောက်ပဲအဆင်ပြေ မှာ။ မနက်ပိုင်းမီးရထားချိန်တော့ စီးလို့ရတယ်။ ညပိုင်းထပ်တိုးပြေးပေးရင် ပိုကောင်းမယ်"ဟု ဆိုသည်။

မြန်မာ့မီးရထား လုပ်ငန်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပြီး ပုဂ္ဂလိက ခရီးစဉ်များကိုလည်း စတင်ပြေးဆွဲရန် စီစဉ်နေကာ ကချင်ပြည်နယ် မန္တလေး-မြစ် ကြီးနားမီးရထားခရီးစဉ်၊ ပုဂံ-ကျောက်ပန်းတောင်း မီးရထားခရီးစဉ်နှစ်ခုကို ပြေးဆွဲပေးသွားမည် ဖြစ်သည်။

နောက်ပိုင်းတွင် မီးရထားပို့ဆောင်ရေးလုပ်ငန်းကို မြန်မာ့မီးရထားက တိုက်ရိုက်လုပ်ကိုင်တော့မည်မဟုတ်ဘဲ တစ်ခြားအဖွဲ့အစည်းများထံ လွှဲပြောင်းလုပ် ကိုင်ခြင်းလည်း ဖြစ်လာနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။

Most read this week