လိင်တူ ချစ်သူများအား လူမှုကွန်ယက် စာမျက်နှာ ဖေ့စ်ဘုတ်မှ ချိတ်ဆက်၍ HIV တာဆီး ကာကွယ်ရေးအတွက် နှစ်သိမ့်ဆွေးနွေး ပညာပေးရေး လုပ်ပေးနေသည်ဟု Medecins Du Monde အဖွဲ့မှ ကာကွယ်ရေးဆိုင်ရာနှင့် ကျန်းမာရေး ပညာပေး ဆောင်ရွက်နေသူ ကိုနိုင်လင်းက မဇ္စျိမကို ပြောသည်။
"ယောကျာင်္လေးချင်း လိင်တူချစ်သူ ဟိုမိုတွေက လူသိခံရမှာ ကြောက်တတ်ကြတယ်။ သူတို့က သီးခြားလူ အုပ်စုအဖြစ် နေကြတာ အပွင့်တွေလိုမဟုတ်တဲ့အတွက် HIV ကူးစက်မှုနှုန်း လိင်တူချစ်သူများထဲမှာ သူတို့က ပိုမိုအဖြစ်များတယ်။ အဲဒါကြောင့် ဒီအစီအစဉ်ကို လုပ်ဖြစ်တာပါ" ဟု သူက ပြောသည်။
ဆေးကုသမှု ခံယူလိုသူများ အနေဖြင့် Facebook လူမှုစာမျက်နှာတွင် မောင်တို့ရွာ Account ဖြင့် ဆက်သွယ်၍ ကျန်းမာရေး ပညာပေး ဝန်ဆောင်မှုများ ရယူနိုင်မည် ဖြစ်သည်။
ယင်း အစီအစဉ်ကို သြဂုတ်လ မှစတင်ခဲ့ရာ အမျိုးသားချင်း ချစ်ကြိုက်သူ (ဟိုမို) ၈၀ကျော် လူမှုကွန်ယက်စာ မျက်နှာသို့ လာရောက် ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။
၎င်း၏ အတွေ့အကြံုအရ ဟိုမို အယောက် ၁၀၀တွင် ၄၀ရာခိုင်နှုန်းသည် HIV HOT LINE ပညာပေးရရှိပြီး တကယ်တန်း ကျန်မာရေး ဝန်ဆောင်မှုကိုမူ ၂၀ ရာခိုင်နှုန်းခန့်သာ ရရှိသည်ဟု ကိုနိုင်လင်းက ဆိုသည်။
ယင်း Program မှ မောင်တို့ရွာ account ဖြင့် HIVနှင့်ပတ်သက်သည့် စာသားများ၊ ပညာပေးများကို တင်ပေးပြီး Chat Boxမှတစ်ဆင့်လည်း ကျန်မာရေးဝန်ဆောင်မှုများ၊ နှစ်သိမ့်ပညာပေး ဆွေးနွေးပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိသည်ဟု ဆိုသည်။
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လိင်တူချစ်သူများနှင့် လိင်အဂါင်္ပြောင်းလဲထားသူ ၂၃၀,၀၀၀ ကို စစ်တမ်းကောက်ခဲ့ရာ HIV ပျံနှံ့နှုန်း ၁၀ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟု UNAIDS ၏ ၂၀၁၄ ခုနှစ်ထုတ် စစ်တမ်းတွင် ဖော်ပြထားသည်။
ယခုလက်ရှိ မြန်မာနိုင်ငံ အတွင်း HIV ရောဂါကျဆင်းရေးအတွက အစိုးရ၊ ပြင်ပ အဖွဲ့အစည်းများ ဖြစ်သည့် AHRN, ALLIANCE, CONSORTIUN, IOM, MALTESER, MANA, MDM, MSI, MSFCH, MSF, HOLLAND, NAP, PGK, PSI, SARA, WV တို့က ဆောင်ရွက်ပေးလျက် ရှိသည်။
ယင်း အဖွဲ့အစည်းများမှာ ၂၀၁၂ ခုနှစ်အတွင်း တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ အမျိုးသမီး လိင်လုပ်သား ၆၀,၁၉၁ ဦးကို HIV ကာကွယ်ရေး အတွက် ဆောင်ရွက်ပေးခဲ့သည်။