ကန့်ကွက်မှု များနှင့် ရင်ဆိုင် နေရသော အမျိုးသားမြေ အသုံးချမှု မူဝါဒ (မူကြမ်း) အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပညာ ရှင် များနှင့် တွေ့ဆုံကာ ဆွေးနွေးမည် ဖြစ်ပြီး ရရှိလာသော အကြံပြု ချက်များကို လွှတ်တော်တွင် တင်မည်ဟု NLD တောင်သူ လယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးညီပုက နိုဝင်ဘာလ ၃၀ ရက်တွင် မဇ္စျိမကို ပြောသည်။
မြေယာခွဲဝေ အသုံးချမှု စစ်ဆေးဆောင် ရွက်ရေး ကော်မတီက ရေးဆွဲ ထားပြီး အောက်တို ဘာလ အတွင်းက ချပြထားသည့် အမျိုးသား မြေအ သုံးချမှု မူဝါဒ (မူကြမ်း)နှင့် ပတ်သက်ပြီး NLD တောင်သူလယ် သမားရေးရာ ကော်မတီ၊ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် များနှင့် ဥပဒေ ပညာရှင်များက ဒီဇင်ဘာ ၄ ရက်တွင် သီးသန့်တွေ့ ဆုံမည်ဖြစ်ကာ ရရှိလာသော အချက်များကို လွှတ်တော် တင်မည် ဖြစ်သည်။
ဦးညီပုက" မြေယာပြသာနာတွေ အရင်ဆုံးဖြေ ရှင်းပြီးမှ အမျိုးသား မြေအသုံးချမှု မူဝါဒမူကြမ်းကို ရေးဆွဲ သင့်တယ်။ မြေယာမူဝါဒတွေ ချမှတ် ဖို့လည်း လိုအပ် တယ်။ အခုဆွေးနွေး ပွဲမှာလည်း အကြံပြု ချက်တွေ ယူသွားမယ်။ ရလာတဲ့ အကြံပြု ချက်တွေကို NLD လွှတ်တော်ကိုယ် စားလှယ်တွေက တစ်ဆင့် အဆိုတင် သွင်းမှာပါ" ဟုပြောသည်။
မူကြမ်းအပေါ် လွှတ်တော်ကိုယ် စားလှယ်များ၊ ဥပဒေ ပညာရှင်များ၊ တောင်သူ လယ်သမား သမဂ္ဂကိုယ် စားလှယ်များ၏ အကြံပြု ချက်များကို ကော်မတီ ကရ ယူ မည်ဖြစ်သည်။
ယင်းအပြင် အမျိုးသား မြေအသုံး ချမှု မူဝါဒ (မူကြမ်း)ကို ကန့်ကွက် ထားသည့် ၈၈မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၊ လယ်ယာ စီးပွားတောင် သူလယ် သမားရေး ရာဌာန ကလည်း အဆိုပါ မူကြမ်း နှင့် ပတ်သက်၍ ဆွေးနွေးရန် NLD တောင်သူလယ် သမားရေးရာ ကော်မတီနှင့် ဒီဇင်ဘာ ဒုတိယပတ် တွင် တွေ့ဆုံဆွေး နွေးမည် ဖြစ်သည်။
ယင်းသို့ ဆွေးနွေးခြင်းမှာ အမျိုးသား မြေအသုံး ချမှု မူဝါဒအပေါ် ကန့်ကွက်သည့် သဘော ထားများ ပိုမိုအင်အား တောင့်တင်း စေရန် NLDနှင့် ပူးပေါင်းဆွေး နွေးခြင်း ဖြစ်သည်ဟု ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း လယ်ယာစီးပွား တောင်သူလယ် သမားရေး ရာဌာနက ဒုတိယ ခေါင်းဆောင် ဦးမျိုးသန့်က ဆိုသည်။
အဆိုပါ အမျိုးသား မြေအ သုံးချမှု မူဝါဒ(မူကြမ်း) ကို ကချင်ပြည်နယ်ရှိ တောင်သူလယ် သမားများ၊ လူထု အခြေပြု အဖွဲ့အ စည်းများမှ လူဦးရေ ၁၅၀ ခန့်က နို ဝင်ဘာ ၂၈ ရက်တွင် ကန့်ကွက် ဆန္ဒပြ ခဲ့သေးသည်။
အဆိုပါ မူကြမ်းသည် လုပ်ငန်းရှင် ကြီးများ၏ အကျိုးအမြတ် တိုးပွားစေရန်သာ အသားပေးရေး ဆွဲထားသဖြင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း၊ လယ်ယာစီးပွား တောင်သူလယ် သမားရေး ရာဌာနက လက်မခံကြောင်းလည်း နိုဝင်ဘာလ အတွင်းက သတင်းထုတ် ပြန်ထားသည်။
မူကြမ်းနှင့် ပတ်သက်ပြီး ပြည်သူလူ ထုအကြား ချပြရန် နေပြည်တော် အပါအဝင် ၁၇နေရာတွင် ၁၅ ရက်အတွင်း ဆောင်ရွက် သွားမည်ဟုနိုဝင်ဘာ လအတွင်း ကထုတ်ပြန် ထားသည်။
မူကြမ်းသည်ပြည်သူလူထု၊တောင်သူလယ်သမား၊ တိုင်းရင်းသား များအား အကျိုးပြုမှု အလွန်နည်း ပါးနေပြီး ရင်းနှီးမြှပ် နှံ့မှုကိုသာ ဦးစားပေး ထားကြောင်းမြေ ယာသိမ်း ဆည်းခြင်းကို တွန်းအားပေးပြီး လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော မြေယာ ပြဿနာကို ပိုမိုများပြား လာစေကာ လူတစ်စု၏ အကျိုးစီးပွားနှင့် ကောင်းစားရေး အတွက်သာ အားပေး၊ ကာကွယ် ပေးသော မူဝါဒဖြစ် သည်ဟု ဆိုကာ ကန့်ကွက် ဆန္ဒပြမှု များလည်း ရှိနေသည်။