“ရိုဟင်ဂျာ” ဟု သုံးနှုန်းမှုအပေါ် ဘန်ကီမွန်းကို ရန်ကုန်တွင် ဆန္ဒပြ

“ရိုဟင်ဂျာ” ဟု သုံးနှုန်းမှုအပေါ် ဘန်ကီမွန်းကို ရန်ကုန်တွင် ဆန္ဒပြ
by -
မဇ္စျိမ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ လူနည်းစုတစ်ရပ်အား "ရိုဟင်ဂျာ" သုံးနှုန်းခဲ့မှုအား မကျေနပ်သောကြောင့် သံဃာများနှင့် လူအင်အား ၃၀၀ခန့် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၂၉ ရက်က လှည့်လည် ဆန္ဒပြခဲ့ကြသည်။

“မရှိတာကို ရှိသယောင်ပြောတာကို မကျေနပ်ဘူး။ ကိုယ့်မင်းကိုယ့်ချင်းနဲ့နိုင်ငံကို လာမစွက်ဖက်နဲ့၊ နောက် ၁၃၅ မျိုးထဲမှာ လာမထည့်နဲ့” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် မြန်မာအမျိုးသားရေးကွန်ယက်မှ ဒု-ဥက္ကဌ ကိုချစ်ကိုက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁၂ ရက် ညနေက နေပြည်တော်တွင် ပြုလုပ်သည့် ဘန်ကီမွန်း၏ သတင်းစာရှင်းလင်းပွဲ၌ "ရိုဟင်ဂျာ" ဟု သုံးစွဲခဲ့ခြင်းကို ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြသူများက ရွှေတိဂုံမြောက်ဘက်မုဒ်ရှိ ကြေးသွန်းဘုရားမှ တာမွေမြို့နယ်ရှိ အရှေ့မြင်းပြိုင်ကွင်းအထိ လမ်း လျှောက်ချီတက်ခဲ့ကြပြီး “တိုင်းရင်းသား(၁၃၅)မျိုး ထပ်တိုးမည့် အကြံ တို့လက်မခံ”၊ “ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နှောက်ယှက်သော ဘန်ကီမွန်း  အလိုမရှိ”၊ “လူမျိုးအတုအယောင် ဖန်တီးသုံးစွဲသူ တို့ရန်သူ ” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဘန်ကီမွန်း၏ “ရိုဟင်ဂျာ” ဟု သုံးနှုန်းခဲ့မှုသည် နှစ်ဖက်လူ့အဖွဲ့အစည်းကြား ကွဲပြားမှုကို ပိုမိုဖြစ်ပေါ်စေမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးမောင်မောင်အုန်းက ဘန်ကီမွန်းထံ နိုဝင်ဘာ ၁၃ ရက်က ပေးစားတစ်စောင် ပေးပို့ ခဲ့သေးသည်။

ဘန်ကီမွန်းကမူ ''အဓိက ကတော့ အမည်နာမထက် လူသားချင်းစာနာရေးအထောက်အပံ့တွေ၊ ဖွံ့ဖြိုးမှု အ ထောက်အပံ့တွေက အရေးကြီးပါတယ်” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

Most read this week