ပီအာရ်စနစ်ကို တိုင်းရင်းသားပါတီများ လက်မခံ

ပီအာရ်စနစ်ကို တိုင်းရင်းသားပါတီများ လက်မခံ
by -
မဇ္စျိမ

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပီအာရ်စနစ်ကို ကျင့်သုံးမည်ဆိုပါက အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ နည်းသွားနိုင်ခြင်းတို့ကြောင့် ယင်းစနစ်ကို လက်မခံနိုင်ဟု တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့က ပြောသည်။

ထိုသို့ ဝေဖန်နေကြသော်လည်း အမျိုးသားလွှတ်တော်က နောင်လာမည့်ရွေး ကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်)ကို တိုင်းနှင့် ပြည်နယ်များ၌ တစ်ပြေးညီကျင့်သုံးမည်ဟု နိုဝင်ဘာ ၂၄ ရက်က အတည်ပြုလိုက်ပြီးဖြစ်သည်။

PR

“လွှတ်တော်ကိုယ်စားလှယ် လည်းနည်းသွားမယ်။ နောက်တစ်ခုက လူကောင်းလည်းမရနိုင်ဘူး” ဟု ချင်း ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောသည်။

“အမျိုးသားလွှတ်တော်ကို ပီအာရ် စနစ်အနေနဲ့ကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိုယ်စားလှယ်တွေ နည်းသွားနိုင်ပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာ တခြားအင်အားကြီးတဲ့ ပါတီတွေနဲ့ ပြိုင်ရ မယ်ဆို တော့ သူတို့ကိုယ်စားလှယ်တစ်ဦး တောင်ရဖို့မလွယ်ဘူး” ဟု ရခိုင်အမျိုးသား ပါတီမှ ဦးအေးသာအောင်က ဆိုသည်။

အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ် ကျင့်သုံးရန် ဆုံးဖြတ်လိုက်ခြင်းသည် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပ ဒေနှင့် ဆန့်ကျင်နေသည်ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီကလည်း သုံးသပ်သည်။ ယင်းစနစ် ကျင့်သုံးမည်ဆိုပါက လွှတ်တော်အတွင်း တပ်မတော်က ရယူထားသည့် ၂၅ ရာခိုင် နှုန်းကို စွန့်လွှတ်ရန်လိုသည်ဟု ၎င်းက ဝေဖန်သည်။