အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် အပြည်ပြည်ဆိုင် ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်း စုစုပေါင်း ၂၂ ခုတို့ ပူးပေါင်း ပြုလုပ်မည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်က စတင်လိုက်ပြီဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (ဖဲကြိုးဖြူနေ့) က စတင်၍ လှုပ်ရှားခြင်းဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည် နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုမှ မြို့နယ် ၂၀ တွင် အသိပညာပေး ဟောပြော မှုများ ပြုလုပ် သွားမည် ဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုကာလအတွင်း တစ်မိနစ်စာ ပညာပေးဗီဒီယိုအစီအစဉ်များ နှင့်သီချင်းများကို ရုပ်မြင်သံကြား အစီ အစဉ်များနှင့် ရေဒီယိုများ တွင် ထုတ်လွှင့်သွားမည် ဖြစ်သည်။
ယင်းလှုပ်ရှားမှုသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ပတ်သက်ပြီး လူထုအတွင်း အသိပညာ မြှင့် တင်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရာတွင် အမျိုးသားများ၏ ပူးပေါင်းပါ၀င်မှုကို မြှင့်တင်ရန်၊ ကျား/မ အခြေပြုအကြမ်းဖက်မှုသည် လူ့ အခွင့်အရေးဆိုင်ရာ ပြဿနာတစ် ခုဖြစ် ကြောင်းကို ဒေသတွင်းနှင့် နိုင်ငံတော် အဆင့်အထိ အသိပညာမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရ ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (WLB)မှ အဖွဲ့ဝင် မကော ကောက “အမျိုးသမီးတွေကို အကြမ်းဖက်တာက ရုပ်ပိုင်းဆိုင်ရာတင် မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ပါတယ်။ အမျိုး သမီးတွေ ကို နေရာမပေးတာကလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပါပဲ” ဟုဆိုသည်။
ယင်းအပြင် WLB က တိုင်းရင်းသား ပြည်နယ်များအတွင်း ဆက်လက် ဖြစ်ပွားနေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကိုဖော်ပြထားသော “တရားမျှတမှုအတွက် မျှော်လင့်ချက်သာပေးပါ”ဟူသော အစီရင်ခံစာကို နို၀င်ဘာ ၂၅ ရက်က ထုတ်ပြန်လိုက်ပြီး ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
စာမျက်နှာ ၃၃ မျက်နှာပါ အဆိုပါ အစီရင်ခံစာကို WLB နှင့် အဖွဲ့ဝင် အဖွဲ့ အစည်းများက ကချင်၊ ကရင်၊ မွန်၊ ချင်း၊ ရှမ်း၊ ကရင်နီ ပြည်နယ်များ အတွင်း အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုလုပ်ရန် ကြိုးပမ်းမှုအချက် အလက်များ စုဆောင်းခဲ့သည် ဟု ဖော်ပြထားသည်။
အမျိုးသမီးများ အကြမ်းဖက်မှုခံနေရဆဲအဆိုပါ အစီရင်ခံစာတွင် အစိုးရသစ်လက်ထက်အတွင်း တိုင်းရင်းသားဒေသနှင့် အပစ်ခတ် မရပ်သေးသည့် တိုင်းရင်းသား ဒေသများအတွင်း အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ မုဒိန်းမှုနှင့် လိင်အကြမ်းဖက်ရန် ကြိုးစားမှု ၁၁၈ ကြိမ် ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။