၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက စစ်ဖက်တရားရုံးများ၏ စီရင်ပိုင်ခွင့်နှင့် ပတ်သက်သည့် ပုဒ်မ ၂၉၄ အား မူလအတိုင်း ထားရှိရန် အကြံပြုထားသကဲ့သို့ တပ်မတော်သား ကိုယ်စားလှယ်ကလည်း တပ်မတော်ရေးရာ ကိစ္စများကို လွတ်လပ်စွာ စီမံဆောင်ရွက်နိုင်ရန် တရားလွှတ်တော် ချုပ်အား စစ်ဘက် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို ထိပါးစေမည့် ထပ်ဖြည့် အာဏာပေးအပ်ရန် မလိုကြောင်း နိုင်ဝင်ဘာ ၁၇ ရက်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို ့ပြောကြားသည်။
ပုဒ်မ ၂၉၄ ၏ မူလပြဌာန်းချက် ဖြစ်သည့် “စစ်ဘက်ဆိုင်ရာ တရားရုံးနှင့် နိုင်ငံတော်ဖွဲ ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သည် နိုငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။” ဟူသော စာသားတွင် “စစ်ဘက်ဆိုင်ရာ တရားရုံးနှင့် နိုင်ငံတော် ဖွဲ ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ” ဟူသော စကားရပ်များ နုတ်ပယ်ရန် NLD ပါတီက အကြံပြု ထားသည်။
တအာင်း (ပလောင်) အမျိုးသားပါတီကလည်း “စစ်ဘက်ဆိုင်ရာ တရားရုံးနှင့်” ဟူသောစာသားကို ဖြုတ်ပစ်ရန် အကြံပြုခဲ့သည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
ထို ့အပြင် ပုဒ်မ ၂၉၅ ပါ “ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူလ စီရင်ပိုင်ခွင့်အာဏာများတွင် ပြည်ထောင် စု တရားလွှတ်တော်ချုပ်က တရားစီရင်ရေး အခွင့်အာဏာကို ပိုမိုထိရောက်စွာ သုံးစွဲနိုင်စေရန် အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်က ထပ်ဖြည့်အာဏာများကို ဥပဒေပြဌာန်းပေးနိုင်သည်” ဟူသော စာသားကို ၂၉၅ ပုဒ်မခွဲ (စ) အဖြစ် အသစ်ဖြည့်စွက်ရန် NLD ပါတီက အကြံပြုထားသည်။ ထိုအချက်ကိုလည်း တပ်မတော်သားတို ့က လက်မခံဘဲ မူလအတိုင်းထားရန် ဗိုလ်မှူးချုပ် သက်ထွန်းအောင်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင်ပိုင်ခွင့်အာဏာက စစ်ဘက်ဆိုင်ရာ တရားရုံးအပေါ် လွှမ်းမိုးမလာစေရေးအတွက် သာမက ပြည်ထောင်စု တရားလွှတ်တော်ချုပ် အင်အားတိုးလာမည့် အရေးကိုပါ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ကန် ့ကွက်ခဲ့သည်။
ပုဒ်မ ၂၉၉ (ခ) ၌ “ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ ၁၁ ဦးအထိ ခန် ့နိုင်သည်” ဟု ပြဌာန်းထားသည် ကို ပြည်ခိုင်ဖြိုးပါတီက “တရားသူကြီးဦးရေ ၁၅ ဦးအထိ ခန် ့နိုင်သည်” ဟု ပြင်ဆင်ရန် အကြံပြုထားသည်။ ထိုကဲ့သို ့ တိုးခန် ့ရေး အကြံပြုချက်များကိုလည်း ဗိုလ်မှူးချုပ် သက်ထွန်းအောင်က အင်္ဂလန်နိုင်ငံတွင် တရားသူကြီးချုပ် အပါအဝင် ၁၂ ဦး၊ အမေရိကန်နိုင်ငံတွင် လည်း တရားသူကြီးချုပ် အပါအဝင် ကိုးဦးသာ ရှိကြောင်း၊ ထို့ကြောင့် မူလအတိုင်းသာ ထားရှိသင့်ကြောင်း ပြန်လည်ချေပခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၆) ၌ တရားစီရင်ရေး ဆိုင်ရာ ပုဒ်မပေါင်း ၁၄ ခု ရှိသည့်အနက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က ပုဒ်မ ကိုးခု နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ အဆိုပါ ပုဒ်မ ကိုးခုစလုံးအား မူလအတိုင်း ထားရှိသင့်သည် ဟု ဝေဖန်ထောက်ပြခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကမူ အဆိုပါ အခန်း (၆) တစ်ခုလုံးနီးပါး (ပုဒ်မ ၁၄ ခုစလုံးနီးပါး) ကို မူလအတိုင်း ထားရှိရန် အကြံပြုထားသည်။