အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူမှုမပြုခင် အချိန်ထိ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦး ရေ သည် တစ်ဒသ မသုံးသန်းကျော်ရှိရာ ပညာသင်ကြားခွင့် မရခဲ့သော မသန်စွမ်းဦးရေ ငါးသိန်းကျော်ရှိ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဒု-၀န်ကြီးက ပြောသည်။
ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က “လူမှုဝန်ထမ်းဦးစီးဌာနက ကောက်ယူခဲ့တဲ့ အခြေခံမသန်စွမ်းမှု စာရင်း ကောက်ယူမှု စစ်တမ်းအရ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်း သူများရဲ့ ၅၂ ရာခိုင်နှုန်းဟာ ပညာသင်ကြားခွင့် မရရှိခဲ့ကြပါဘူး” ဟု အမျိုးသားလွှတ်တော်တွင် အတည်ပြုဖြေကြားသည်။
လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၀၈-၀၉ ခုနှစ် ကောက်ယူခဲ့သော အခြေခံမသန်စွမ်း မှုစာရင်းအရ မြန်မာနိုင်ငံ တွင်းရှိ လူဦးရေ၏ ၂ ဒသမ ၃၂ ရာခိုင်နှုန်းသည် မ သန်စွမ်းသူများဖြစ်ပြီး လူဦးရေ အရေအတွက်အားဖြင့် ၁ ဒသမ သုံးသန်းဖြစ်ပြီး ၎င်းတို့ထဲမှ ပညာသင်ကြားခွင့် မရခဲ့သော မသန်စွမ်းသူဦးရေမှာငါးသိန်းကျော် ရှိခဲ့သည်။
ရခိုင်တိုင်းရင်းသားအမတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်က “အခမဲ့ပညာသင်ကြား ရေး စနစ်ဆိုပေမယ့် မိသားစုတွေကလည်း စားဝတ်နေ ရေးအတွက် ရုန်းကန်နေရတော့ကလေးအတွက် ပညာရေး ဂရုမစိုက်နိုင်ဘူး၊ ကျောင်းမပို့ နိုင်ဘူး” ဟု ဝေဖန်ထောက်ပြလိုက်သည်။
ထို့ပြင် အထူးကျောင်းများသည် မသန်စွမ်းသူတို့အား သီးသန့်ခွဲထုတ်ထားသည့် အနေအထားမျိုးဖြစ်နေခြင်း ကြောင့် ဘဝတူများနှင့်သာ ကြီးပြင်းခဲ့ရသည့်အ တွက် လူ့လောက လက်တွေ့ရင်ဆိုင်မှုများ အခက် အခဲဖြစ် ပေါ်မှုကို မသန်စွမ်းသူတို့က အလိုမကျဖြစ်နေကြောင်းလည်း ဦးခင်မောင်က ထောက်ပြသည်။
သို့ရာတွင် ဒု-၀န်ကြီးကမူ “အထူးကျောင်းတွေက ပညာရေးဖြည့်ဆည်းမှုများကို ဉာဏ်ရည်မသန်စွမ်းသူများ နဲ့ မသန်စွမ်းမှု ပြင်းထန်သူများအတွက်သာ အဓိက ထားဆောင်ရွက်ရန်လိုအပ်သဖြင့် အခြား မသန်စွမ်းသူ များအတွက် အခြေခံပညာကျောင်းတွေမှာလူတိုင်းအကျုံးဝင်ပညာရေးနည်းလမ်း အောင်မြင်စွာဆောင် ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ဖြေရှင်းသည်။
အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံ မသန်စွမ်း၊ ကိုယ်အင်္ဂါမသန်စွမ်းမှုနှင့် ဉာဏ်ရည်မသန်စွမ်း စသည့် မသန်စွမ်းမှု အမျိုးအစားလေးမျိုးတို့အနက် ကိုယ်အင်္ဂါ မသန်စွမ်းသူများတက္ကသိုလ် တက်ရောက် လျက်ရှိ ကြောင်းနှင့် တက်ရောက်ခွင့်ပြုထားပြီး အမြင်အာရုံ မသန်စွမ်းသူများသည် အကူစောင့်ရှောက်သူနှင့်အတူ တက္ကသိုလ် တက်ရောက်လျက်ရှိကြောင်းလည်း ဒု-၀န်ကြီးက ဖြည့်စွက်ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနသည် မသန်စွမ်း ပရဟိတကျောင်းများဖွင့်လှစ်ထားရှိရာရန်ကုန်မြို့ရှိခဝဲခြံမျက်မမြင် ကျောင်း၊ မေရီချက်(ပ်)မင်းနားမကြားသောကလေး များကျောင်း၊ ဧဒင်မသန်စွမ်း သက်ငယ်များ ပြုစုရာရိပ် မြံု၊ မြစ်ကြီးနားမြို့တွင် ခရစ်ယာန် မျက်မမြင်ကျောင်း၊ မုံရွာမြို့ရှိ ရောင်ခြည်သစ် မျက်မမြင်ကျောင်း၊ ပခုက္ကူ မြို့ရှိ ဗုဒ္ဓဘာသာမျက်မမြင်ကျောင်း၊ ပြင်ဦးလွင် ပရဟိတ မျက်မမြင်ကျောင်း၊ မိတ္ထီလာမြို့ရှိ ရှေ့ဆောင်မျက် မမြင်ကျောင်း နှင့် ရှမ်းပြည်နယ်တောင် ပိုင်းမှ သူငယ်တော်ယေဇူး မသန်စွမ်းပရဟိတဂေဟာ စသည့် လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြု ထားသောကျောင်းတို့ကို သတ်မှတ်ချက်များ နှင့်အညီ သင်တန်း သားတစ်ဦးလျှင် တစ်နှစ်စာ ဆန်ဖိုးငွေ ကျပ် ၃၀,၀၀၀၊ စားစရိတ် ကျပ် ၃၀,၀၀၀၊ အဝတ်အထည်အတွက် ကျပ် ၁၅,၀၀၀ နှင့် ဂေဟာမှူးလစာ တစ်နှစ် လျှင် ကျပ် ၃၆၀,၀၀၀ တို့ကို ထောက်ပံ့ ပေးလျက်ရှိသည်။