လယ်သမားများက အမျိုးသား မြေအသုံးချမှု မူကြမ်းကို လက်မခံ

လယ်သမားများက အမျိုးသား မြေအသုံးချမှု မူကြမ်းကို လက်မခံ
by -
မဇ္စျိမ

အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) ထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်၍ မြန်မာပြည်အထက်ပိုင်းရှိ မန္တလေး၊ မကွေးနှင့် စစ်ကိုင်း တိုင်းတို့မှ တောင်သူလယ်သမားများက နို၀င်ဘာ ၁၂ ရက် တွင် ၅၅ လမ်းရှိ မစိုးရိမ်ကံတက်ကုန်း ကျောင်းတိုက်၌ ဆွေးနွေးပွဲပြုလုပ်သည်။

အဆိုပါ အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း)ရေးဆွဲရာတွင် လူထု အခြေပြုအဖွဲ့ အစည်းများပါ၀င်ခြင်း မရှိဘဲ ရေးဆွဲထားခြင်းကြောင့် လက်မခံနိုင်ကြောင်း၊ မန္တလေးတိုင်း တောင်သူလယ်သမား သမဂ္ဂ အဖွဲ့အ တိုင်ပင်ခံ ဦးသန့်ဇင်က မဇ္ဈိမကို ပြောသည်။

Framer-001

“ကျွန်တော်တို့နိုင်ငံမှာ မြေယာဥပဒေက ဒုတိယအရေးကြီးဆုံးပဲ”ဟု ၎င်းက ပြောသည်။

အဆိုပါ မူကြမ်းရေးဆွဲရာတွင် တောင်သူလယ်သမားများနှင့်အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များ နှင့် ပူးပေါင်းညှိနှိုင်းရေးဆွဲမှသာ တောင်သူလယ် သမားများ၏ အခွင့် အရေး လုပ်ပိုင်ခွင့် အားလုံး ကိုကာ ကွယ်သည့် ဥပဒေတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ပြီး ယခုထွက် ရှိလာ သော အမျိုးသား မြေအသုံး ချမှုမူဝါဒ (မူကြမ်း)သည် ပွင့်လင်းမြင် သာမှုမရှိဘဲ တစ်ဖက် သတ်ရေးဆွဲ ထား သည့် ထင်ရာ စိုင်းမြေယာဥပဒေဖြစ် သည်ဟု ဆိုသည်။

မကွေးတိုင်း၊ တောင်သူလယ်သမား သမဂ္ဂအဖွဲ့မှ ဦးအောင်ကျော်ကျော်က “ဒီမူ ၀ါဒက ဘယ်သူတွေကို ရည်ရွယ်ပြီး ရေးဆွဲတာလဲ။တကယ်ရေးဆွဲရမှာက ကျေး လက် နေ တောင်သူတွေကို ရည်ရွယ်ပြီး ရေးဆွဲရ မယ်။ တောင်သူတွေကို အခြေခံတဲ့ မူဝါဒ ကိုပဲရေးဆွဲသင့်တယ်” ဟု ပြောသည်။

၂၀၁၂ ခုနှစ်တွင် ထွက်ပေါ်လာခဲ့သော လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်း ဥပဒေသည် အာဏာပိုင် များနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက်သာ   ဇောင်းပေးရေးဆွဲထားခြင်းဖြစ်ပြီး ယခုမူကြမ်းသည် လည်း ယခင်ပြဋ္ဌာန်းထားသောမူများ အတိုင်းဆိုလျှင် လုပ်ငန်းရှင်များနှင့်အာဏာပိုင်များသာ အဆင်ပြေ နိုင်ပြီး တောင်သူ များမှာ ဆက်လက်၍မြေမဲ့ယာမဲ့ဘဝများပင် ဖြစ်သွားမည်ဟု ဦးအောင်ကျော်ကျော်က ဆိုသည်။

အဆိုပါမူကြမ်းကို အတည်ပြု ပြဋ္ဌာန်း ပြီး အသုံးပြုမည်ဆိုပါက ပြည်သူများ၏ ဘဝ ရှင်သန်ရေးနှင့် ဂေဟ စနစ်၏ သဟဇာတ ဖြစ်မှုကို ထိခိုက်နိုင်ကြောင်းနှင့် လူ့ အဖွဲ့အ စည်းနှင့် လူမှုဝန်းကျင်တည် ဆောက်နို င်မှုကိုလည်း ထိခိုက်နိုင်ကြောင်း လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီ ၀င် ဦးတင်ကိုအောင် က ပြောသည်။

Most read this week