သုံးပုံနှစ်ပုံထောက် ခံမှုဖြင့် ၄၃၆ ပြင်သင့်ဟု ပြော

သုံးပုံနှစ်ပုံထောက် ခံမှုဖြင့် ၄၃၆ ပြင်သင့်ဟု ပြော
by -
မဇ္စျိမ

ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်အားလုံး (တပ်မတော် သားကိုယ် စားလှယ် မပါ)၏ သုံးပုံနှစ်ပုံသို့မဟုက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူလျှင် ပုဒ်မ ၄၃၆ ကို ပြင်ဆင် သင့် သည်ဟု လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့်က ဆွေးနွေးလိုက်သည်။

“ဒီပုဒ်မ ၄၃၆ ပြင်ဆင် ရေးဟာ တိုင်းပြည် ရေရှည် ဖွံ့ဖြိုးတိုး တက်ရေး၊ ငြိမ်းချမ်းရေး တို့နှင့် ဆက်စပ် နေပါ တယ်။ ပြည်သူ လူထုရဲ့ အဆင့်အတန်း မြင့်မားရေး မိသားစုဘဝလုံ ခြံုမှုရှိရေးတို့နဲ့ ပတ်သက်နေပါတယ်။ တရား ဥပဒေစိုးမိုးရေးတို့နှင့် သက်ဆိုင်နေပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ရှိရေး ကို တိုက်ရိုက်အချိုးကျလျက် ရှိပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်မြင့်က ပြောသည်။

law

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံထားရသည့် လွှတ်တော်ကိုယ်စား လှယ် သုံးပုံနှစ် ပုံသို့မဟုက် ထက်ဝက်ကျော်က ပြင် ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူ ဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင် ဆင်သင့်ကြောင်း အ ကြံုပြုဆွေးနွေးသည် ဟု ၎င်းက ပြောသည်

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်အစည်းအဝေး ၂၅ ရက် မြောက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အ ထည်ဖော်မှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီ ရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက စတင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့်အခါတွင် ပြင်လိုသော ဥပဒေ ပုဒ်မများကို ဘယ်လိုပြင် ဆင်မလဲဆိုတာကို စဉ်းစားသည့်အပိုင်းနှင့် ဥပဒေပုဒ် မပါ ပြဋ္ဌာန်းချက်များကို ဘယ်လို့လုပ် ပိုင်ခွင့်က လုပ်မ လဲဆိုပြီး လုပ်ငန်းပိုင်းနှစ်ပိုင်းရှိသည်ကို လေ့လာတွေ့ရှိသည်ဟု လွှတ်တော်ကိုယ် စားလှယ်က ဦးဘရှိန် က လည်း ဆွေးနွေးသည်။

“ လက်ရှိပုဒ်မ ၄၃၆ လုပ်ပိုင်ခွင့်ကတော့ လွှတ်တော်ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင် ဆင်ခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မတွေ ဆိုရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရဦး မှာဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၃၆)ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်မည်ဆိုလျှင် လွှတ်တော်ကိုယ် စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံထောက်ခံ ရင် ပြင် ဆင်ခွင့်ပေးရမည်ဟု ဆိုသည်။ အကယ်လို့ သုံးပုံနှစ်ပုံ ထောက်ခံမဲမရရှိသော်လည်း ထက်ဝက်ကျော်သော ထောက်ခံမဲရရှိလျှင် ပြင်ဆင်ခွင့်ပေးသင့်သည်” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကလည်း အကြံပြု ဆွေးနွေးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒြေ ပင်ဆင်နိုင် ရေးအကောင်အထည်ဖော်မှုကော်မတီရဲ့ အစီရင်ခံစာအရ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များက ပုဒ်မ (၄၃၆) ကို မပြင်ဆင်လိုကြောင်း ဆန်္ဒပြုထားပြီး နိုင်ငံရေးပါတီအသီးသီးကို ကိုယ်စားပြု သည့် လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် ဆန်္ဒပြုကြကြောင်း သိရ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း ၁၅ ခန်းပါ၀င်ကာ ပုဒ်မပေါင်း ၄၅၇ အထိရှိပြီး ဥပဒေပြုရန် ငါးခုပါ၀င်သည်။ ကော်မတီ၏ အစီရင်ခံစာအရ အခန်း ၁၅ ခန်းလုံးပြင်ဆင်ရန်လိုအပ်သည်ဟု အကြံ ပြုထားပြီး ကော်မတီ၏သဘောထားချက် အချို့တွင် မူလအတိုင်းထားရှိရန် သဘောထားမှတ်ချက်ပြု ထားသည်။

Most read this week