အာဆီယံ အသိုက်အဝန်း ပြန်လည်သုံးသပ်ရန် ထိပ်သီးအစည်းအဝေး အတည်ပြု

အာဆီယံ အသိုက်အဝန်း ပြန်လည်သုံးသပ်ရန် ထိပ်သီးအစည်းအဝေး အတည်ပြု
by -
မဇ္စျိမ

၂၅ ကြိမ်မြောက်၊ အာဆီယံထိပ်သီး အစည်းအဝေးကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၁ တွင် နိုဝင်ဘာ ၁၂ ရက်ကကျင်းပခဲ့ပြီး ၂၀၁၅ အလွန် အာဆီယံအသိုက်အဝန်း ထူထောင်ရေးမျှော်မှန်းချက် ဆိုင်ရာ နေပြည်တော်ကြေညာချက်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး အားဖြည့်ခိုင်မာစေရေးနှင့် အာဆီယံအဖွဲ့အစည်းများ ပြန်လည် သုံးသပ်ရေး ကြေညာချက်တို့ကို အတည်ပြုခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က သဘာပတိအဖြစ် ဦးဆောင် ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်သည်။

25th-ASEAN-Summit-Conference

ယင်းအစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်းထူထောင်ရေးကိစ္စရပ်များ၊ ၂၀၁၅ ခုနှစ်အလွန် အနာဂတ်အာဆီယံ အသိုက်အဝန်းအတွက် မျှော်မှန်းချက် ချမှတ်ရေးကိစ္စ၊ အာဆီယံ အဖွဲ့အစည်းများအား ပိုမိုခိုင်မာရေး ကိစ္စများဆွေးနွေးခဲ့ကြပြီး ဒေသဆိုင်ရာနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖ လှယ်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

စိန်ခေါ်မှု

ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က အာဆီယံအဖွဲ့၏ အသိုက် အဝန်းသုံးရပ်၏ လမ်းပြမြေပုံဖော်ဆောင်မှု ၈၀ ရာခိုင်နှုန်းပြီးစီးသော်လည်း ကျန်ရှိနေသေးသည့် ၂၀ ရာ ခိုင်နှုန်း အကောင်အထည်ဖော်ရေးသည် အဓိက စိန်ခေါ်မှုဖြစ်နေသည်ဟုပြောသည်။

အာဆီယံသည် အာဆီယံလုံခြုံရေး အသိုက်အဝန်း၊ အာဆီယံစီးပွားရေးအသိုက် အဝန်းနှင့် အာဆီယံယဉ် ကျေးမှု အသိုက်အဝန်းဟူ၍ အာဆီယံအသိုက်အဝန်းများကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

အာဆီယံနိုင်ငံများကို သက်ရောက်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပြင်ပဂယက် အချို့ဖြစ်သည့်ကမ္ဘာ့ စီးပွားရေး မရေရာမှုများ၊ အီဘိုလာကဲ့သို့ ကူးစက်ရောဂါများ၊ အကြမ်းဖက်နှင့် အစွန်းရောက်ဝါဒ အစရှိ သည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကျော်လွှားရမည်ဟုလည်း ၎င်းက ဆိုသည်။

အလေးထားရမည့် ငါးချက်

ထို့ပြင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က အာဆီယံသည် တည်ဆောက်ပြီး စံနှုန်းများ၊ ချမှတ်ပြီး စည်းမျဉ်းများကို လိုက်နာ အကောင်အထည်ဖော်မှု မြှင့်တင်ရေး၊ အာဆီယံနှင့် မိတ်ဖက်တို့အကြား တည်ရှိပြီးဖြစ်သည့် ဆက်သွယ်ဆောင်ရွက်မှုယန်္တရားမှာ သာမက ပေါ်ထွန်းဆဲဒေသတွင်း ဗိသုကာ တည်ဆောက်မှုများ တွင် အာဆီယံအနေက အချက်အချာကျကျ ပါ၀င်နိုင်ရန် မဟာဗျူဟာတစ်ရပ်ရှိရန် လိုအပ်သည်ဟုလည်း တိုုက်တွန်းခဲ့သည်။

ထို့ပြင် နောက်ဆုံးအရေးကြီးသည့် အချက်အဖြစ် အာဆီယံ၏အဖွဲ့အစည်း ပိုင်းဆိုင်ရာစွမ်းရည် မြှင့်တင်ရန်၊ လုပ်ငန်းစဉ်များ အချိတ်အဆက်မိမိရှိစေရန်၊ အဆုံးအဖြတ်ပြုမှုများ ထိရောက်စွာဆောင်ရွက် နိုင်စေရန် နှင့် လုပ်ငန်းများကို စနစ်တကျ ကြပ်မတ်၊ အစီရင်ခံမှု၊ အကောင်အထည် ဖော်နိုင်ရေးတို့ကို တိုးမြှင့်ဆောင် ရွက်ကြရန် ဦးသိန်းစိန်က အကြံပြုခဲ့သည်။

စီးပွားရေးအသားပေး

အာဆီယံရေးရာလေ့လာသူ ဦးကျော်လင်းဦးက အာဆီယံအဖွဲ့က ယခုကဲ့သို့ ပြန်လည်သုံးသပ်ခြင်း သည် ကောင်းမွန်သော်လည်း အာဆီယံနိုင်ငံရေးနှင့် လုံခြုံ ရေးအသိုက်အဝန်း၊ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက် အဝန်းဘက်တွင် အားနည်းနေသေးသည်ဟု ဝေဖန်ပြောကြားသည်

၎င်းက “အခု ၂၀၁၅ မှာ အာဆီယံ အသိုက်အဝန်းကြီး အကောင်အထည်ဖေါ်ဖို့ ပြောနေပေမယ့် နိုင်ငံရေး နဲ့လုံခြံုရေးအသိုက်အဝန်း၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအသိုက်အဝန်းဘက်မှာ အားနည်းနေပြီး စီးပွားရေးကိစ္စ တွေပဲ ဇောင်းပေးနေသလို ဖြစ်နေတယ်” ဟု ပြောကြားသည်။

Most read this week