မုန်တိုင်းမိုးကြောင့် ပျက်သည့်စပါး ဧရာဝတီ တိုင်းအစိုးရ ဖြေရှင်းရန်မရှိ

မုန်တိုင်းမိုးကြောင့် ပျက်သည့်စပါး ဧရာဝတီ တိုင်းအစိုးရ ဖြေရှင်းရန်မရှိ
by -
မဇ္စျိမ

သုံးရက် ဆက်တိုက် ရွာသွန်းနေသည့် မုန်တိုင်းမိုးကြောင့် တိုင်းအတွင်းရှိ မိုစပါး ဧကပေါင်း သိန်းချီ ထိခိုက် ပျက်စီးရန်ရှိသော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးရန် မရှိဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက နိုဝင်ဘာ ၆ ရက်တွင် ပြောဆိုလိုက်သည်။

လယ်ကွက် အတွင်း ရိတ်သိမ်း ထားသည့် စပါး များမှာ နှစ်ရက် အတွင်း ပျက်စီး (အပင်ပေါက်) တော့မည်ဟု လယ် သမား များက ပြော ကြသည်။ “လောလော  ဆယ်တော့ မရှိသေး ပါဘူး” ဟု ၀န်ကြီးက ဆိုကာ “ရိတ်မယ့် သူကတော့ မရိတ် နဲ့တော့ပေါ့ ကွာ။ ရိတ်ပြီးသား ဟာကိုပဲ အရယူ ကြရမှာပေါ့။ မှန်တာပြော ရရင် ကျွန်တော်ကိုယ်တိုင် ကျွန်တော့်လယ် တွေရိတ်နေတာပါ။ အခုရိတ်နေတာကို ရပ်ထားလိုက်။ ဒါပဲလေ။ ဘာမှလုပ်လို့ မရဘူး”ဟု ၎င်းက ပြောသည်။

မိုးစပါးစိုက်ဧကပေါင်း သိန်းသုံးဆယ် ကျော်ရှိသည့် ဧရာဝတီတိုင်း၏ လယ်ဧက ထက်ဝက်ခန့်မှာ လက်ရှိ တွင်မိုးစပါးရိတ်သိမ်းနေသည့်ကာလဖြစ်သည့်အတွက် အခက်ကြံုနေကြရသည်ဟု ဧရာဝတီတိုင်း တောင် သူလယ်သမားသမဂ္ဂမှ အတွင်းရေး မှူး ဦးသန့်ဇော်ဦးက ပြောသည်။

မိုးစပါး ၂၅ ဧက စိုက်ပျိုးထားသည့် မြောင်းမြမြို့နယ်မှ တောင်သူ လယ်သမား တစ်ဦး ဖြစ်သူ ဦးသန့်ဇော်ဦး က “တစ်ဝက် ကျော်လောက်က ပျက်စီး ကုန်တယ် ဗျာ။ ခုနကလေးတင် လယ်ထဲက ပြန်တက်လာ တာပါ။ နက်ဖြန်ခါလောက်ဆိုရင် စပါးတွေက အကုန်ပွကုန်ပြီ၊ အပင်ပေါက်မယ်၊ အညှောင့်ပေါက်မယ်။ အကုန် ပျက်စီးမယ်ပေါ့ဗျာ”ဟု မဇ္ဈိမကို ပြောသည်။

လေဖိအားနည်း ရပ်ဝန်းအရှိန်ဖြင့် ရွာသွန်းခဲ့သည့်မိုးကြောင့် ရိတ်ထားသည့်စပါးများ ရေမြုပ်ပျက်စီးနေ သလိုမရိတ်ရသေးသည့်စပါးပင်များမှာလည်းရေမြုပ်နေ သည်ဟု ဒေသခံလယ်သမားများကဆိုသည်။

လယ် ၂၉ဧက ပိုင်ဆိုင်ပြီး ရိတ်ပြီးသား စပါးခြောက်ဧကခန့် ရေမြုပ်နေသည့် မြောင်းမြမြို့နယ်၊ ကွယ်လွယ် ရွာမှ လယ်သမားကြီး ဦးသိန်းဝင်းကလည်း “ကြွေး   တွေ၊ မြီတွေက စက်ပိုင်တွေဆီမှာ ယူထားတာရှိတယ်။ အစိုးရဘဏ်က ထုတ်ထားတာတွေ ရှိတယ်။ နောက်သုံးလေးရက်လောက် ဒီလိုပဲဆက်ရွာနေရင် ကျွန်   တော်တို့ တော်တော်ဒုက်္ခရောက်မယ်”ဟု ပြောသည်။

ယခုကဲ့သို့ ရာသီဥတုဖောက်ပြန်သည့် ဒဏ်ကို လယ်သမားများ ခံနေရသော်လည်း အချိန်နှင့်တပြေးညီ ကူညီပေးမှုနှင့် လယ်ယာသုံးပစ္စည်းများ ပ့ံပိုးပေးမှုတွင် အစိုးရပိုင်းက အားနည်းနေသည်ဟု လယ်သမား တို့က ဝေဖန်သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်ကမူ “စက်မှုနည်းပညာကို မပြောင်းလဲလို့ မရနိုင်ဘူး။ သို့ သော်လည်း ပြောင်းလဲဖို့ ငွေကြေးအနေ အထားကျ   တော့လည်း အတော်ခက်ခဲတဲ့ အနေအထား တွေ ရှိတယ်”ဟု သုံးသပ်သည်။

မိုးစပါးပေါက်စျေးမှာ တင်းတစ်ရာလျှင် ကျပ်လေးသိန်းခန့်ရှိသော်လည်း ယခုနှစ်တွင်မူ ကျပ်သုံးသိန်းခွဲထိ သာ ရှိနေသည်။ ယခုကဲ့သို့ ရာသီဥတုဖောက်ပြန် မှုကြောင့် ဆက်လက်ပြီး စပါးစျေး ကျနိုင်သည်ဟု စပါး ကုန်သည် အချို့က တွက်ဆသည်။

ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် အားကောင်းလာပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက် ရှိမည် ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က နိုဝင်ဘာ ၆ရက်၊ ညနေသုံးနာရီတွင် သတင်းထုတ်ပြန်ထားသည်။