ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍ ပြည်သူနားလည်မည့် citizen budget စာအုပ် ၂၀၁၅- ၂၀၁၆ တွင် ထုတ်ဝေမည်

ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍ ပြည်သူနားလည်မည့် citizen budget စာအုပ် ၂၀၁၅- ၂၀၁၆ တွင် ထုတ်ဝေမည်
by -
မဇ္စျိမ

ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းကာ ပြည်သူနားလည်စေ မည့် အသုံးအနှုန်းဖြင့် ရေးထားသည့် Citizen Budget ကို ထုတ်ဝေရန် လုပ်ဆောင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ပြည်ထောင်စုဝန်ကြီးက "လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်စေ၊ အစိုးရများဖြစ်စေ လေ့လာနိုင်ရန် ပြုစု ထုတ်ဝေတာဖြစ်ပါတယ်’’ ဟု ပြောသည်။

သို့သော် မည်သည့်အချိန်တွင် ထုတ်ဝေမည်ကိုမူ မပြောကြားသော်လည်း သင့်တော်သည့်အချိန်တွင် ထုတ်ဝေမည်ဟုသာ ပြောကြားသည်။

Citizen Budget ဆိုသည်မှာ ဘတ်ဂျက်မှအရေးကြီးသည့် အချက်များကို ထုတ်နုတ်၍ လူအများ နားလည်နိုင်စေရန် ပညာရပ်ပိုင်းဆိုင်ရာများကို တက်နိုင်သမျှ ရှောင်ရှားပြီး ရိုးရိုးရှင်းရှင်းနှင့် အကျဉ်းချုပ် တင်ပြချက်ပုံစံဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ပြည်ထောင်စုအစိုးရကသာ လွှတ်တော်သို့ တင်သွင်းခွင့်ရှိသည့် နိုင်ငံတော်၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေစာရင်း၊ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့သည် ကျယ်ပြန့်နက်နဲခြင်း၊ ရှုပ်ထွေးခြင်း၊ အလွယ်တကူ နားလည်နိုင်ရန် ခက်ခဲခြင်းတို့ ရှိသည်ဟု ဆိုသည်။

ဘဏ္ဍာရေး ဝန်ကြီးဌာနသည် လွှတ်တော်မှ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်း၍ ပြည်သူ့ ဘဏ္ဍာရေး စနစ် ခေတ်မီဖွံ့ဖြိုးရေး စီမံကိန်းကို ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အထိ ငါးနှစ် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် လျက်ရှိသည်။

Most read this week