ရန်ကုန်စည်ပင် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၂၉၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်

ရန်ကုန်စည်ပင် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၂၉၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်
by -
မဇ္စျိမ

ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ၂၉၁ ဦး ရွေးချယ်လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က  နိုဝင်ဘာ ၄ ရက် တွင် ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲတွင် ကို်ယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ရန် အမည်စာရင်း ၃၀၅ ဦး တင်သွင်းထား သော်လည်း နည်းဥပဒေတွင် သတ်မှတ် ထားသည့်  ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီမှု မရှိသူ ရဦးနှင့် ၎င်းတို့ သဘောဆန္ဒအလျောက် အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်း သွားသူ ရ ဦး စုစုပေါင်း ၁၄ ဦးကို ၀င်ရောက် ရွေးချယ်ခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

Yangon-Development-Committee-1

ကော်မရှင်အဖွဲ့ဝင် တစ်ဦးက “ ပယ်ခံရသူအများစုက အသက်ကျော်သွားတာရယ် ယာယီသန်းခေါင် စာရင်းနဲ့နေတာဖြစ်နေ တာရယ် နေတဲ့ နေရာမှာ ၁၀ နှစ်နေထိုင်မမှုမရှိတာတွေများပါတယ်။ ”ဟု ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ၌ ရန်ကုန်မြို့တော် ကော်မတီဝင်လေးဦး၊ ခရိုင် လေးခုမှ ကိုယ်စားလှယ် သုံးဦးစီ၊ မြို့နယ်ပေါင်း (၃၃) မြို့နယ်မှ မြို့နယ်တစ်ခုလျှင် ကိုယ်စားလှယ် သုံးဦးစီဖြင့် စုစုပေါင်း ၁၁၉ ဦး တို့ကို ရွေးချယ်သွားမည်ဖြစ်သည်။

ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခွင့်မရှိသူ ၁၄ ဦးတွင်  ရန်ကုန်မြို့တော်စည်ပင် သာယာကော် မတီဝင် အဖြစ် လျှောက်ထားသူ ၄ ဦးပါ၀င်သည်။ အဆိုပါ ရွေးကောက်ခံမည့် ကိုယ်စားလှယ်များ စာရင်းကို မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေး ရုံးများတွင် ကြေညာပေးထား မည် ဖြစ်သည်။

ထို့ပြင် မဲပေးနိုင်ခွင့်ရှိသူစာရင်းများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ကြေညာထားပြီး မဲပေးခွင့်ရှိသူ လေးသိန်းကျော် ရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရှိသူဟု သတ်မှတ်ခြင်း ခံရသူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ  ဦးဝင်း ချိုက “ အဓိပ္ပါယ်မရှိတဲ့အကြောင်းပြချက် တွေနဲ့ မရွေး ချယ် တာပါ။ ဒါကို လုံးဝလက်မခံနိုင်ပါဘူး ပြင်းပြင်းထန်ထန် ကန့် ကွက်မှုတွေ လုပ်သွားမှာပါ ”ဟု ဆိုသည်။

ကိုယ်စားလှယ်လောင်းအရည်အချင်းများတွင် လျှောက်ထားသူသည် အသက် ၄၅ နှစ်ထက်မငယ် ၆၅ နှစ်ထက် မကြီးသူြုဖစ်ရမည်၊ မြို့တော် နယ်နိမိတ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အတွင်း တစ်ဆက်တည်း အနည်းဆုံး ၁၀ နှစ်နေထိုင်သူဖြစ်ရမည်၊ လက်ရှိ အိမ်ထောင်စု စာရင်းတွင် အမှန်တကယ်နေထိုင်သူဖြစ်ရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်း နည်းဥပဒေ ပုဒ်မ ၃၁ တွင်ဖော်ပြထားသည်။

ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကို နှစ်ပေါင်းများကြာပြီး ယခုမှပထမဆုံးအကြိမ် ပြန်လည် ကျင်းပ မည်ဖြစ် သောကြောင့် ကော်မရှင်နှင့် သတ်မှတ်ဥပဒေများတွင် လိုအပ်ချက်များရှိနေကြောင်း စည်ပင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် ကဆိုသည်။

၎င်းက “ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက်မှာ မလိုအပ်တာတွေပါနေပါတယ် ဒါတွေက ကျိန်းသေ ပြန်ပြင်ရမယ့်ဥပဒေပါ” ဟု ဆိုသည်။

ယခင်က ရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင်များကို စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူများကို ရွှေ့ပြောင်း ခန့်အပ် သည့်စနစ်ကို နှစ် ၆၀ ကျော် ကျင့်သုံးခဲ့ရမှ ပြည်သူလူထုမှ မဲပေးရွေးချယ်ရန် အစိုးရမှ ယခုနှစ်မှ စတင် ကျင်သုံးရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန်် စိတ်ဝင်စားသူ များပြား ခဲ့ပြီး လျှောက်ထားသူများတွင် အမျိုးသားလွှတ်တော်အမတ် တစ်ဦးအပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှား သူများ၊ အရပ်ဖက် အဖွဲ့အစည်းများမှလည်း လျှောက်ထား ခဲ့ကြသည်။

မဲဆန္ဒရှင်တစ်ဦးလျှင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ၃ ဦး၊ ခရိုင်စည်ပင်သာယာရေး ကော်မတီ ၃ ဦး နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အတွက် တစ်ဦး စုစုပေါင်း ရ ဦး မဲပေးရွေးချယ်ရမည်ဖြစ် သည်။

ရွေးကောက်ပွဲပြုလုပ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအသစ်တွင် ကော်မတီဝင် ၉ ဦး ခန့်အပ် မည်ဖြစ်သော်လည်း မြို့တော်ဝန်ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ကာ မြို့တော်ဝန်မှ ကျန်လေးဦးကို သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ညိနှိုင်းခန့်အပ် မည်ဖြစ်ပြီး ပြည်သူလူထုက ကိုယ်စားလှယ် လေးဦးသာ ရွေးချယ် ခွင့်ရမည်ဖြစ်သည်။

ပြည်သူလူထုမှ မဲပေးရွေးချယ်ရမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ကို ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပတော့မည်ဖြစ်သော်လည်း  မဲပေးရွေးချယ်ရမည့် ပြည်သူ လူထုအနေဖြင့် စိတ်ဝင်စားမှုနည်းနေသည်။