ထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးအဖွဲ့များကို စခန်းသွင်း လေ့ကျင့်နေ

ထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးအဖွဲ့များကို စခန်းသွင်း လေ့ကျင့်နေ
by -
မဇ္စျိမ

အမေရိကန် သမ္မတ အိုဘားမား အပါအဝင် နိုင်ငံခေါင်းဆောင်များ တက်ရောက်မည့် ထိပ်သီး အစည်းအဝေး မတိုင်မီ နေပြည်တော် လုံခြုံရေးနှင့် ကြိုဆိုရေးပိုင်း ကိစ္စများကို စတင်ပြင်ဆင်မှုများ ပြုလုပ်နေသည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင် က ပြောသည်။

သို့သော် ၎င်းက အသေးစိတ် အချက်အလက်များကိုမူ ပြောကြားရန် ငြင်းဆိုသည်။ ၎င်းကထိပ်သီး အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား သောင်းချီအသုံးပြုမည်ဖြစ်ပြီး အင်တာပို(နိုင်ငံတကာ ရဲတပ်ဖွဲ့)၊ အာဆီယံ ရဲတပ်ဖွဲ့များကပါ ကူညီကြမည်ဖြစ်ကာ လေကြောင်း၊ ရေကြောင်း၊ ကုန်း လမ်းဝင်ပေါက် များကိုပါ လုံခြုံရေးချထားသည်ဟု ဆိုသည်။

US-President-Barack-Obama-visits-Myanmar

ယခုလ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် အဆိုပါထိပ်သီးအစည်း အဝေးပွဲအတွက် ယာဉ်တန်းတပ်ဖွဲ့များ အား စခန်းသွင်းလေ့ကျင့်ခြင်း၊ နိုင်ငံအနှံ့အပြားမှ ရာနှင့်ချီသော ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့များအား ခေါ်ယူခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို စခန်းသွင်း လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

“ယာဉ်ထိန်း တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂၂၀ ကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ စခန်းသွင်းနေပါတယ်။ အရေးကြီး ယာဉ်တန်းကြိုဆိုရေး၊ လမ်းရှင်းရေး ကိစ္စ အဓိကပါ” ဟု ပြောသည်။

မူလက နေပြည်တော်ရှိ လမ်းပိုင်းအချို့ကို ထိပ်သီး အစည်းအဝေး ကာလအတွင်း ခေတ္တပိတ်ရန် ကြေညာ ခဲ့သော်လည်း ပြန်လည်ပယ်ဖျက်ပြီး တစ်မြို့နယ်လျှင် လေးဖွဲ့နှုန်းဖြင့် ညပိုင်းလုံခြုံ ရေးဆောင်ရွက်နေသည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

Most read this week