ထောင်ဒဏ်၁၃ နှစ်ချမှတ်ခံခဲ့ရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ရမည်းသင်းအကျဉ်းထောင်မှ တောင်ငူထောင် သို့ ပြောင်းရွှေ့ခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်း နှင့် မိသားစုဝင်များက အတည်ပြု ပြောသည်။
ရန်ကုန်မြို့နေ၊ ဦးဆန်းဆင့် ၏မိသားစုဝင် တစ်ဦးက “မနက်ဖြန် (နို၀င်ဘာ ၃ ရက်) မှာ ကျွန်မတို့ တောင်ငူထောင် ကိုသွားတွေ့ ပါမယ်’’ဟုတယ်လီဖုန်း မှတစ် ဆင့် ပြောသည်။
အောက်တိုဘာလ ၃၀ ရက်က ရမည်းသင်းထောင်မှ တောင်ငူထောင်သို့ ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သော်လည်း မိသားစုဝင်များလည်း မသိရှိရကြောင်းနှင့် ပြီး ခဲ့သောရက်ပိုင်းအတွင်းက ဦးဆန်းဆင့်သည် နှလုံးရောဂါအခံ ကြောင်းနှင့် ညပိုင်းတွင် အမောဖောက်သည်ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
တောင်ငူထောင်မှ ထောင်ဆရာဝန်များအနေဖြင့်လည်း ကုသစောင့်ရှောက်မှုများဆောင်ရွက်ပေးသည်ဟု ကြားသိရကြောင်းလည်း၄င်းက ဖြည့်စွက်ပြောသည်။
“နေ့လည်ခင်းပိုင်းမှာတော့ အစောင့်တွေရှိတဲ့အတွက် တံခါးပေါက်တစ်ပေါက်ဖွင့်ထားပေးတော့ အသက်ရှုချောင် တာပေါ့၊ ညဘက်ကျတော့တံခါးပေါက်တွေအ ကုန်ပိတ်လိုက်တော့ နှလုံးရောဂါအခံရှိတော့ အမောဖောက် တာ ပေါ့” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ဒက္ခိဏခရိုင်တရားရုံးတွင် ရုံးချိန်းပေါင်းများစွာ အမှုရင်ဆိုင်ပြီး ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရသော်လည်း မန္တလေးတိုင်းတရားလွှတ်တော်သို့ အယူခံ လွှာလျှော က်တင်ထားကြောင်းလည်း ရှေ့နေ ဦးတင်ထွန်းက ပြောသည်။
ဦးဆန်းဆင့်၏ရှေ့နေ ဦးတင်ထွန်းက “ ဘာကြောင့်ပြောင်းတယ်ဆိုတာ ကျွန်တော်လည်း မသိဘူး၊ ကျွန်တော်တို့က ဘာသွားပြောမလဲ” ဟု မဇ္စျိမသို့ ဖြေ ကြား သည်။
ဦးဆန်းဆင့်အား ပြစ်မှုကြီးမှု ၄၁/၂၀၁၄ ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံအလွဲသုံးမှုအတွက် ထောင်ဒဏ် ၃ နှစ် အမိန့်ချလိုက်ပြီး ပြစ်မှုကြီးမှု ၄၂/၂၀၁၄ ပုဒ်မ ၁၂၄ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက်ကို မူ ထောင်ဒဏ် ၁၀ နှစ် (တစ်သက်တစ်ကျွန်း)နှင့် ဒဏ်ငွေ ကျပ် ၁ သိန်းကို အောက်တိုဘာ ၁၇ ရက် နံနက် က နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။