ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် အမျိုးသမီး ၁၃ ဦး လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်သို့ရောက်ရှိ

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် အမျိုးသမီး ၁၃ ဦး လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်သို့ရောက်ရှိ
by -
မဇ္စျိမ

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံခဲ့ရပြီး Kredtrakarn ဂေဟာသို့ ရောက်ရှိနေသည့် အမျိုးသမီး ၁၃ ဦးသည် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များ အသင်းချုပ် (MOEAF) ၏ အကူအညီဖြင့် လေကြောင်းခရီးဖြင့် ရန်ကုန်သို့ အောက်တိုဘာ ၃၁ ရက်က ရောက်ရှိခဲ့သည်။

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူများအနက် လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်ဟု MOEAF  အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်က နိုဝင်ဘာ ၁ ရက်က MOEAF ရုံးခန်းတွင်ပြုလုပ်သည့် သတင်းစားရှင်းလငး်ပွဲတွင်ပြောသည်။

ဦးကျော်ထင်ကျော်က“ ဂေဟာကိုရောက်နေတဲ့ သူတွေက မြန်မာနိုင်ငံကို ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် ဒေသမြေပြင် အခြေအနေကြောင့် ကုန်းလမ်းကနေပြန်လာဖို့ အဆင်မပြေဘူး။ အဲ့တာကြောင့် ကျွန်တော်တို့က လေယာဉ်စရိတ်အကုန်ခံပြီး ကူညီဆောင်ရွက်ပေးတာပါ။” ဟု ပြောသည်။

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးး ၁၃ ဦးတွင် ပါဝင်သည့် မအေးမော်၏ ခင်ပွန်းဖြစ်သူဦးသန်းထွန်း၏ အကူအညီတောင်းမှုမှ တစ်ဆင့် ယင်းကဲ့သို့ ကူညီပေးဖြစ်ခဲ့ဖြစ်သည်ဟု ဦးကျော်ထင်ကျော်ကဆိုသည်။

ပြန်လည်လွတ်မြောက်လာသူ မအေးမော်၏ ခင်ပွန်းဖြစ်သူ ကိုကျော်ထင်ကျော်က “ မိသားစုစီးပွားရေး အဆင်မပြေလို့ အမျိုးသမီးက ထိုင်နိုင်ငံကိုသွားပြီး အလုပ်လုပ်ပါတယ်။ နောက်တော့ သူ့ကို ကယ်ပါလို့စာရောက်တယ်။ ကူညီပေးမယ့်သူမရှိဘူး။ နောက်တော့ ဒီအဖွဲ့ကို အကူအညီတောင်းဖြစ်တာပါ” ဟု ပြောသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအသင်းချုပ်(MOEAF)အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာရန် ခက်ခဲနေသည့် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဆက်လက်ကူညီသွားရန် အစီအစဉ်လည်းရှိသည်ဟု အသင်း အတွင်းရေးမှူး(၂) ဦးကျော်ဇော်က ပြောသည်။