မြန်မာနိုင်ငံတွင် အစိုးရ ဝန်ကြီးဌာနများ၌ e-Government လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင် ရန် ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနများက ကျပ် ဘီလီယံချီ၍ သုံးစွဲထားသော်လည်း အကောင်အထည်ပေါ် လာခြင်း မရှိသေးဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဝေဖန်ပြောကြားလိုက်သည်။
ဦးလှဆွေက "ကျွန်တော်တို့က ဘတ်ဂျက်ကို စစ်ရတယ်။ ဝန်ကြီးဌာန တစ်ခုတည်းကို စစ်တာတောင် သန်းအများကြီးသုံးထားတယ်။ အဲ့ဒါ အားလုံးပေါင်းလိုက်ရင် ဘီလီယံ ချီတယ်" ဟု ဆိုသည်။
e-Government အကောင်အထည်ပေါ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဦးလှဆွေက "ဒါကိုမြန်မြန် လုပ်လိုက်ရင်ပဲ ပြဿနာရှိသလိုပဲ တွေးနေသလားမသိဘူး။ အရင်အစိုးရ လက်ထက်ကတည်းက စခဲ့တယ်။ အခုထိကို e-Government ဆိုတာ ပေါ်မလာသေးဘူး" ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက "ကျောင်းတွေမှာလည်း e-Education တို့ ဘာတို့ပြောနေတယ်။ ဒါတွေကလည်း လေ ပါပဲဗျာ" ဟု ဝေဖန်သည်။
e-Government အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သုံးစွဲသည့် ဘတ်ဂျက်ကို စာရင်းတင်ပြရာ၌ အခက်အခဲများရှိသည်ဟု ယင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေ သကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ဆိုသည်။
ယင်းအပြင် ဌာနဆိုင်ရာများအနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ဦးမင်းဦးက သုံးသပ်သည်။
၎င်းက "ဝန်ထမ်းတွေကို သင်တန်းပေးမယ်ဆိုရင် သူတို့ဘက်က လာတက်ပေးနိုင်ဖို့က မလွယ်ဘူး။ အချိန်မ အားလပ်တာမျိုးတွေ အခက်အခဲရှိတယ်။ ဖောင်ကြီးလို သင်တန်းတွေမှာ ထည့်ပြီး သင်ကြားပေးမလားဆိုတာ စဉ်းစားရမယ်" ဟု ပြောသည်။
အင်တာနက်စနစ် ပြောင်းလဲတိုးတက်မှုကြောင့် e-Government စနစ်ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဌာနတိုင်းက လ (၂၀) အစီအမံများ ရေးဆွဲပြီး လက်တွေ့ချိတ်ဆက် အသုံးပြုနိုင်သည်အထိ ဝန်ထမ်းများ ကိုပါ လေ့ကျင့်ပေးပြီး ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတက ၂၀၁၄ ခုနှစ် ဇွန်လအတွင်းက လမ်းညွှန်ပြော ကြားထားသည်။
မြန်မာနိုင်ငံတွင် e-Government ပုံဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိချိန်တွင် အခြေခံအဆောက်အဦများ ပိုမိုလိုအပ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ကျေးလက်ဒေသများတွင် အိုင်စီတီကဏ္ဍပိုမိုပြန့်ပွားစေရန်ရည်ရွယ်ပြီး e-Village အိုင်စီတီစင်တာ များကို ကျေးရွာပေါင်း ၆၀၀၀ တွင်ဖွင့်လှစ်သွားရန် ရှိနေသည်။