ထိုင်းနိုင်ငံ ကော့တောင်ကျွန်း ဗြိတိန်စုံတွဲ သတ်ဖြတ် ခံရမှုကို စုံစမ်းရန် ကမ္ဘာကျော် စကော့တလန်ယာ့ဒ် အဖွဲ့မှ စုံထောက်များ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီဖြစ်သည်။
ယင်းလူသတ်မှုတွင် တရားခံ အဖြစ် မြန်မာရွှေ ့ပြောင်း လုပ်သား နှစ်ဦးကို ထိုင်းရဲများက ဖမ်းဆီးထားပြီး သံခြေချင်းခတ် ချုပ်နှောင် ထားသည်။ ဗြိတိန်စုံတွဲ ဒေးဗစ်မေလာနှင့် ဟန်နာ ၀စ်သာရစ်ချ် တို ့နှစ် ဦး ကို သတ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခြင်း ခံထားရသည့် မြန်မာ လူငယ် နှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးက ၎င်းတို ့ကို ညှင်းပမ်း နှိပ်စက်ကာ ခံဝန် ထိုးခိုင်းခဲ့ကြောင်း ပြောသည်။
ထိုင်းရဲအဖွဲ ့၏ စုံစမ်း စစ်ဆေးမှု အပေါ် ကမ္ဘာအနှံ ့ရှိ လူ့အခွင့်အရေး အဖွဲ ့များက ပြင်းထန်စွာ ဝေဖန် ကြသည်။ တရားခံ အဖြစ် စွပ်စွဲခံထား ရသည့် မြန်မာ နှစ်ဦး အတွက် တရားရေး စရိတ် လှုဒါန်းသူများ လည်း ရှိသည်။ ရွေ ့ပြောင်း လုပ်သားများ အရေး ဆောင်ရွက်သူ အန်ဒီဟောလ်က “သူတို ့နှစ်ဦးကို သံခြေချင်း ခတ်ထားတယ်။ နေရ ထိုင်ရ ခက်ကြောင်းသူတို ့က ပြောတယ်”ဟု ပြောသည်။
တရားခံ အဖြစ် စွပ်စွဲခံရသူ၏ မိဘများလည်း ထိုင်းနိုင်ငံသို ့ရောက်ရှိ နေသည်။ “ထိုင်းရဲတွေနဲ ့စကားပြန်တို ့က ရိုက်နှက် နှိပ်စက် တယ်လို ့သားနဲ ့သားရဲ ့သူငယ်ချင်း တို ့က ကျွန်တော့်ကို ပြောပြတယ်”ဟု ကိုဇော်လင်း၏ ဖခင်ဖြစ်သူက ပြောသည်။
“ကျွန်တော့်သားက ကြောက်ရွံ ့လို ့ဝန်ခံ ခဲ့ရတယ်လို ့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို ့ သူတို့ဘေးမှာ ရောက်နေပြီ ဖြစ်လို့ သူတို ့အမှန်အတိုင်း ပြောရဲလာ ပါတယ်။ သူတို ့လူမသတ် ခဲ့ဘူးလို ့ပြော တယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဒေးဗစ်မေလာနှင့် ဟန်နာ ၀စ်သာရစ်ချ် တို ့နှစ်ဦးသည် စက်တင်ဘာလ အတွင်းက ကော့တောင်ကျွန်းတွင် သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ ၎င်းတို ့သေဆုံးမှုနှင့် ပတ်သက်ကာ မြန်မာ ရွေ ့ပြောင်း လုပ်သား နှစ် ဦးကို တရားခံ အဖြစ် ယခုလ အစောပိုင်းက ထိုင်းရဲများက ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။