အခြေခံဥပဒေကြောင့် တိုင်းပြည် ချွတ်ခြံုကျနေရသည်ဟု ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးပြော

အခြေခံဥပဒေကြောင့် တိုင်းပြည် ချွတ်ခြံုကျနေရသည်ဟု ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးပြော
by -
မဇ္စျိမ

တိုင်းပြည်ချွတ်ခြံုကျနေသည်မှာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အောက်တိုဘာ ၂၆ ရက် တွင်ကျရောက်သည့် ပါတီတည်ထောင်ခြင်း ၂၆ နှစ် ပြည့်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောသည်။

“ကျွန်တော်တို့ ပြည်ထောင်စုကြီးသည် နေ့သည်အချိန်အထိ ဆင်းရဲနွမ်းပါးနေတာ၊ တိုင်းပြည် ဆူပူပျက်စီး ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ ငြိမ်းချမ်းရေးတွေဆိတ်သုဉ်း နေတာ၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာ၊ တရားမျှတမှုတွေ ပျောက်ဆုံးနေတာ၊ အဂတိ လိုက်စားမှုကြီးထွားနေတာ အားလုံးဟာ ဖွဲ့စည်း ပုံအခြေခံ ဥပဒေနဲ့ ပြည်ထောင်စုကြီးရဲ့သဘောသဘာဝမကိုက်ညီမှုဟာ အဓိကအခြေခံ အကြောင်းရင်းကြီး ပါပဲ ” ဟု ဦးခွန်ထွန်းဦး က ပြောသည်။

U-Khun-Thun-Oo

ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ ပြည်တွင်းစစ်နှင့် ဖော်ပြပါ အခက်အခဲများ ကိုဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆို ထားသည်။

“ဖက်ဒရယ်ပြည်ထောင်စုကြီး မတည်ဆောက်နိုင်သရွေ့ သေနတ်သံတွေတိတ်ဦး မှာ မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုတွေ ရပ်တန့်သွားဦးမှာ မဟုတ်ပါဘူး။ တန်းတူညီမျှမှုတွေ၊ တရားမျှတမှုတွေပေါ် ပေါက်နိုင် ဦးမှာ မဟုတ်ပါဘူး။ စာပေယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကအစ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ကိစ္စတွေလည်း လွတ်လပ်မျှတစွာဆောင်ရွက်နိုင်ဦး မှာ မဟုတ်ပါဘူး”ဟု ဦးခွန်ထွန်း ဦးက ဆက်လက်ပြောကြားထားသည်။

ပါတီတည်ထောင်ခြင်း ၂၆ နှစ်ပြည့် ထုတ်ပြန်ကြေညာချက်တွင်လည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်တိုင်း ရင်းသား လူမျိုးစုအရေးကိစ္စနှင့် ပဋိပက္ခများ ကိုဖြေရှင်း၍လုံးဝမရနိုင်ကြောင်း တစ်နေ့ တခြားထင်ရှားလာသည့်အပြင် အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီရေးသည်လည်း တိုးတက် ဖြစ်ထွန်း မလာခဲ့ကြောင်း ဖော်ပြ ထားသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၂၆ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ပါတီ ရုံးချုပ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

Most read this week